ချမ်းမြသာစည် မေ ၁၁
မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်စွာမင်း ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများအား အဆင်သင့်ဆောင်ရွက်ထားရှိပြင်ဆင်မှုများကို ယနေ့နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။
“သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ တုံပြန်ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေး သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦးနှင့်အတူ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများအား အဆင်သင့်ဆောင်ရွက်ထားရှိပြီဖြစ်ကြောင်းနှင့် အရေးပေါ်တစ်စုံတစ်ရာဖြစ်ပွားပါက ဗဟိုမီးသတ် 02 4021084၊ 02 4060739၊ ချမ်းမြသာစည်မြို့နယ် 02 4060739 သို့ဆက်သွယ်နိုင်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)