ရွှေကျင်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာ‌ပေးလက်ကမ်းစာစောင်ဖြန့်‌ဝေ

ရွှေကျင် မေ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်အတွက် ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်‌ဝေ‌သော ကလေးအလုပ်သမားပပျောက်ရေး အသိပညာ‌ပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ‌‌မြို့‌ပေါ်ရှိ လူစည်ကားရာနေရာဖြစ်သော ကားဂိတ်၊ အိုးဝေဂိတ်နှင့် ဆိုင်ကယ်ကယ်ရီဂိတ်တို့တွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာ‌စောင်တွင် ကလေးအလုပ်သမားပပျောက်ရေးအတွက် ကလေးအလုပ်သမား၏အဓိပ္ပာယ်၊ ကလေးအလုပ်သမား၏အသက်အရွယ်၊ ကလေးလုပ်သားဖြစ်ရခြင်းအကြောင်းအရင်းများ၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ(၂၀၁၉)၊ ကလေးသူငယ်များအား လုပ်ကိုင်ခွင့်မပြုသည့်နေရာများနှင့် ကလေးသူငယ်များအား ခိုင်းစေခြင်းမပြုရမည့်အလုပ်များ စသည့်အချက်များပါရှိ‌သော လက်ကမ်းစာ‌စောင်များအား ပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)