လဲချားမြို့နယ်တွင် သစ်ပင်ပျိုးပင်များ ဖြန့်ဝေ

လဲချား မေ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်တွင် သစ်ပင်ပျိုးပင်များကို သစ်တောဦးစီးဌာနတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ဖြန့်ဝေလျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် သစ်တောဦးစီးဌာနမှ၊ ပျိုးပင်ပေါင်း(၂၀၀၀၀)ကျော်ရှိရာမှ ကျေးလက်ဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်၊ clean city၊ green city များဖြစ်လာစေရန် ရည်ရွယ်၍ သစ်ပင်များစိုက်ပျိုးရန်အတွက် ပျိုးပင်များအား တစ်ရွာ (၂)ဧကနှုန်းဖြင့် ဖြန့်ဝေပေးလျက်ရှိရာ ယနေ့တွင် မယ်ဇလီပျိုးပင် ၂၄၂၀ ပင်အားရပ်ကွက်(၁) တစ်ရွာအတွက် စတင်ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)