အမြို့မြို့အနယ်နယ်သတင်းများ

Aug 20,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် အလယ်တန်းအဆင့်  စာဖတ်စွမ်းရည် ပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။
Aug 20,2024
 မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ (Mobile Library) စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးသို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။
Aug 20,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီက အ.ထ.က(ကော့ကရင်)၌ ပြုလုပ်ခဲ့သည်။
Aug 20,2024
ပျော်ဘွယ်မြို့နယ်တွင် ဥစားကြက် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် စီးပွားရေးအနေဖြင့် တစ်ဖက်တစ်လမ်းမှ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Aug 20,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများ ကျန်းမာရေးအသိပညာဗဟုသုတရရှိစေရန်နှင့်ကူးစက်ရောဂါတို့မှကင်းဝေးစေရန်ရည်ရွယ်၍ ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၁)နာရီအချိန်တွင် ရှမ်းရွာသစ်မြို့ကျေးလက်ကျန်းမာရေးဌာန၌  မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Aug 20,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊‌ ရွှေပြည်သာမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် ၂၀၂၄ ခုနှစ် သြဂုတ်လ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ(ဒုတိယပတ်)လှုပ်ရှားမှုအနေဖြင့် ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းဝေးခန်းမ၌ ကျင်းပသည်။
Aug 20,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၉ နာရီက  ဘိုးသာအောင် ကုန်းကျေးရွာ၊ ကွင်းအမှတ် ၁၁၂၆ C ရှိ တောင်သူ ဦးကျော်စိုး၏ မိုးစပါး၁၀ဧက စိုက်ခင်းတွင် မြေသြဇာ ကြဲပက်ပွဲ ကျင်းပပြုလုပ်သည်။
Aug 20,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာ ကိုယ်ဝန်ဆောင်မိခင်ဒေါ်သင်းသင်းထိုက်မှ သုံးမြွှာပူးမိန်းကလေး(၃)ဦးအား ကျီးသဲတိုက်နယ်ဆေးရုံတွင် အောင်မြင်စွာခွဲစိတ်မွေးဖွားခဲ့ပြီး မိခင်နှင့်ကလေးငယ်များအား ပြည်မြို့ကုတင်(၅၀၀)ဆေးရုံကြီးသို့ပြောင်းရွှေ့၍ အထူးကြပ်မတ်ကုသဆောင်တွင် ကျန်းမာရေးစောင့်ရှောက်မှုကုသလျက်ရှိကြောင်း သိရသည်။