Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရှမ်းရွာသစ်မြို့လူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်
Aug 19,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် လူငယ်ရေးရာနှင့်ပတ်သက်သောအကြောင်းအရာများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်၌ အသက် ၆ လမှ ၅ နှစ်အောက်ကလေးငယ်များအား ဗီတာမင်အေနှင့်သံချဆေးများတိုက်ကျွေး
Aug 19,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကျန်းမာရေးဌာနရုံးစုရပ်တွင် ယနေ့နံနက် ၉ နာရီအချိန်က ကလေးငယ်များ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန်၊ ကျန်းမာသန်စွမ်းပြီး ရောဂါများကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ၆ လ အရွယ်မှ ၅ နှစ်အောက် ကလေးငယ်များကို ဗီတာမင်အေနှင့် သံချဆေးများတိုက်ကျွေးခြင်းကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှု (စံပြမိခင်နှင့် ကလေးပြိုင်ပွဲ) ကျင်းပ
Aug 19,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဦးဆောင်၍ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှုအဖြစ် စံပြမိခင်နှင့် ကလေးပြိုင်ပွဲကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်ကကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်၌ ရွှေကြာသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ခြင်းအခမ်းအနားကျင်းပ
Aug 19,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ရှေးဟောင်းသမိုင်းဝင်ရွှေဘုံသာမုနိစေတီမြတ်ကြီး၏ သန္တိသုခဓမ္မာရုံတွင် မုနိလေးဆူရွှေကြာသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဩဝါဒစရိယဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် (တတိယအကြိမ်မြော…
Aug 19,2024
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ်ထက်သန်စွာဖြင့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားကာ အသက်ကိုပဓာနမထားဘဲ စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများအတွက် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များ၊ တပ်မတော်ချစ်သူများက စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းလျက်ရှိရာ ယမန်နေ့က တတိယအကြိမ်မြောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုပေါင်းအားဖြင့် ပြည်သူများက တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တိုင်းပြည်အတွက် အနစ်နာခံမှု၊ ပေးဆပ်မှု၊ ကိုယ်စွန့်မှု၊ ရဲဝင့်စွန့်စားမှုများအပေါ် စေတနာမေတ္တာ တုံ့ပြန်သောအားဖြင့် ပြည်မြို့၊ မြို့တော်ခန်းမ၌ စားသောက်ဖွယ်ရာများ စုပေါင်းကြော်လှော် ချက်ပြုတ်ခဲ့ကြပြီး ပေးပို့လှူဒါန်းနိုင်ရေး ပြင်ဆင်ထုပ်ပိုးနေမှုများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ပါဝင်ကူညီဆောင်ရွက် နေကြသူများအား တိုင်းဒေကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ် အ.ထ.ကထုံးဘိုကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ
Aug 19,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အ.ထ.က(ထုံးဘို)ကျောင်း၌ ယမန်နေ့နံနက် ၉ အချိန်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ် Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့်ပူးပေါင်း၍ မုဒိတာစာဖတ်ဝိုင်း ကျင်းပ
Aug 19,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက စာရေးဆရာမဒေါက်တာမတင်ဝင်းရေးသားထားသည့် "လွတ်လပ်ပေါ့ပါးသောစိတ်ထားရှိပါစေ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရတနာပုံတက္ကသိုလ်၌ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Aug 19,2024
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ ပိုမိုရှင်သန်ထက်မြက်ရေး၊ အမျိုးသားရေးစိတ်ဓာတ်၊ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်လိုသည့်စိတ်ဓာတ်နှင့် ပြည်ထောင်စုမပြိုကွဲရေးစိတ်ဓာတ်များ ထက်မြက်မှန်ကန်မြင့်မားစေရေးတို့အတွက် ရည်ရွယ်ပြီး ကျင်းပပြုလုပ်သည့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး ကျပန်းစကားပြောပြိုင်နှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်၉နာရီက ရတနာပုံတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ စာပေနှင့်အနုပညာအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ ဆရာ၊ ဆရာမများ စီမံရေးရာဌာနများမှ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2945
Page
2946
Page
2947
Page
2948
Current page
2949
Page
2950
Page
2951
Page
2952
Page
2953
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department