ညောင်ဦး ဩဂုတ် ၂၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ညောင်ဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ် ၂ နာရီအချိန်က ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပခဲ့ကြောင်း သိရသည်။
ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်က အဖွင့်အမှာစကားပြောကြားပြီး ညောင်ဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်းက (၅)နှစ်စီမံကိန်းလျာထားရေးဆွဲနိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးညီညီဦးက စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းတင်ပြဆွေးနွေးသည်။ ဆက်လက်၍ ဦးစီးအရာရှိနှင့် ဒုတိယဦးစီးတို့မှ Tourism Village , Smart Village ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ညောင်ဦးမြို့နယ် ပုဂံမြို့ မြင်းကပါကျေးရွာ၌ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းလုပ်ငန်းများတွင် ပါဝင်ရမည့် ကျေးရွာအခြေခံအဆောက်အအုံဖွံ့ဖြိုးရေးကဏ္ဍ၊ သွင်းအားစုနှင့်ငွေကြေးဝန်ဆောင်မှုထောက်ပံ့ကူညီခြင်းကဏ္ဍ၊ အသက်မွေးဝမ်းကျောင်း နှင့်ကျေးလက်စီးပွားမြင့်မားစေရေးကဏ္ဍ၊ အသင်းအဖွဲ့များခိုင်မာအားကောင်းစေခြင်းနှင့်နည်းပညာဖြန့်ဖြူးခြင်းကဏ္ဍ၊ လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးကဏ္ဍစသည့် ခေါင်းစဉ်(၆)ခုနှင့်ခေါင်းစဉ်ခွဲများအား ကဏ္ဍအလိုက် သက်ဆိုင်ရာခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မြင်းကပါကျေးရွာအုပ်ချုပ်ရေးမှူး၊ ညောင်ဦးမြို့၊ ပုဂံမြို့တို့မှ ဧည့်လမ်းညွှန်အသင်းတာဝန်ရှိသူတို့က ကဏ္ဍအလိုက်ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
ဒီပါလင်း