စစ်ကိုင်းပညာရေးတက္ကသိုလ်တွင်  ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြိုအသိပညာပေး ဟောပြောပွဲကျင်းပ

စစ်ကိုင်း သြဂုတ် ၂၁

စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်တို့ ပူးပေါင်း၍ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြိုအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက အဆိုပါ တက္ကသိုလ်တွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မိမိကျော်က အိုဇုန်းလွှာပျက်စီးမှုနှင့် ရာသီဥတု ပြောင်းလဲမှုအကြား ဆက်နွယ်မှုများ၊ အိုဇုန်းလွှာဆိုသည်မှာ အဘယ်နည်း၊ အိုဇုန်းလွှာနှင့် ရာသီဥတု ပြောင်းလဲမှုတို့အကြား ဆက်နွယ်မှုများ၊ အိုဇုန်းလွှာ ပျက်စီးရခြင်း အကြောင်းအရင်း၊ အိုဇုန်းလွှာပျက်စီးခြင်းကြောင့် ဆိုးကျိုးသက်ရောက်မှုများ၊ အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ခြင်း၊ ကမ္ဘာ့အိုဇုန်းလွှာနေ့ ဖြစ်ပေါ်လာပုံ၊ စသည့်အကြောင်းအရာများကို ရှင်းလင်းဟောပြောပေးခဲ့သည်။

ဆက်လက်၍ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေး မှတ်တမ်းစာအုပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ပေးအပ်ရာ ပါမောက္ခချုပ် ဒေါက်တာ မြတ်မြတ်သော်ကလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဂုဏ်ပြုဆုငွေပေးအပ်ရာ ခရိုင်ပတ် ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးကလည်းကောင်း လက်ခံပေးခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်(ပြန်/ဆက်)