မကွေး ဩဂုတ် ၂၁
နွားနှင့် ဆိတ်မေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄ မက) ယမန်နေ့က မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မကွေးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းဟိန်းက အဖွင့်အမှာစကားပြောကြားကာ မကွေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခေတ္တတိုင်းဦးစီးမှူး ဒေါက်တာအောင်မင်းက မေထုန်မဲ့သာစပ်ခြင်းဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် နည်းစနစ်ကျန မှန်ကန်သော မေထုန်မဲ့သားစပ်ကျွမ်းကျင်သူအရေအတွက် တိုးပွားလာပြီး နိုင်ငံအနှံ မေထုန်မဲ့သားစပ်လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး သင်တန်းနည်းပြ ဒေါက်တာမင်းညွန့်ဦးက သင်တန်းပို့ချမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါ နွားနှင့်ဆိတ်မေထုတ်မဲ့သားစပ်သင်တန်းအမှတ်စဉ် (၁/၂၀၂၄ မက) ကို ဩဂုတ်လ (၂၄) ရက်နေ့မှ စက်တင်ဘာလ (၇) ရက်နေ့အထိ မကွေးခရိုင်အတွင်းရှိ မြို့နယ်များနှင့် ချောင်ခရိုင်အတွင်းရှိ မြို့နယ်များမှ တိရစ္ဆာန်ကျန်းမာရေးလုပ်သား ၁၀၀ ဦးအား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)