Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မဟာအောင်မြေမြို့နယ် အမှတ် (၂၄) အခြေခံပညာအထက်တန်းကျောင်း၌ အားကစားပြိုင်ပွဲများ ကျင်းပ
Aug 20,2024
မဟာအောင်မြေမြို့နယ် အမှတ် (၂၄) အခြေခံပညာအထက်တန်းကျောင်း၌ ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ Table tennis၊ ပြေးခုန်ပြစ်အားကစားနည်းပေါင်း (၅)နည်းဖြင့် အားကစားပြိုင်ပွဲများကို ဇူလိုင်လမှ သြဂုတ်လအထိ ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၂၅)ကြိမ်မြောက်၊ ငွေရတုအထိမ်းအမှတ် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Aug 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားအား ယနေ့မွန်းလွဲ(၂)နာရီက မအူပင်မြို့ရှိ တိုးရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ် သင်းတွဲစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင် နွေသီးနှံမျိုးစုံ (၉၃၁၁)ဧက စိုက်ပျိုးနိုင်ခဲ့
Aug 20,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်း(၆)ခုရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သင်းတွဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် နွေသီးနှံမျိုးစုံ(၉၃၁၁)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ဘိုးဘွားရိပ်သာထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းကော်မတီဝင်များ၊ အလှူရှင်များနှင့်တွေ့ဆုံ
Aug 20,2024
ရှမ်းပြည်နယ်(အရှေပိုင်း)တာချီလိတ်မြို့ ဘိုးဘွားရိပ်သာ အစည်းအဝေးခန်းမတွင် ယမန်နေ့ညနေ (၄) နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့နှင့် တာချီလိတ်ရှိဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ဘိုးဘွားရိပ်သာ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းကော်မတီဝင်များ၊ အလှူရှင်များနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Aug 20,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ကျောင်းသူ၊ ကျောင်းသားများသိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး နော်လော်မူနှင့် ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း တိုင်းဒေသကြီးအဆင့်နည်းပြသင်တန်း ဖွင့်လှစ်
Aug 20,2024
နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာကိန်းဂဏန်းအချက်အလက်များကိုရရှိစေရန် ရည်ရွယ်၍ ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကွန်ပျူတာတက္ကသိုလ် (ထားဝယ်)၌ ဩဂုတ် ၁၉ ရက်နေ့မှ ဩဂုတ် ၃၀ ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်၌ ဆရာတော်များအား ဂုဏ်ပြုပူဇော်ပွဲ ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာအခမ်းအနား ကျင်းပ
Aug 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နိုင်ငံတော်က ဆက်ကပ်လှူဒါန်းခဲ့သည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခံယူတော်မူခဲ့သော ဆရာတော်များအား မြို့နယ်အဆင့် ဂုဏ်ပြုပူဇော်ပွဲ ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာအခမ်းအနားအား ယမန်နေ့မွန်းလွဲ (၁) နာရီက မြို့နယ်သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်သံဃနာယကအဖွဲ့ ဝန်ဆောင်ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်တွင် ဈေးပိတ်ရက် (ဥပုသ်နေ့) မြို့မဈေးကြီးအပြင်ဘက်၌ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး Campaign ပြုလုပ်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေး
Aug 20,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်ဦးဆောင်မှုဖြင့် ဈေးအတွင်း ရောင်းကုန်ပစ္စည်းများ ထုပ်ပိုးရာတွင် အသုံးပြုသည့် ပလတ်စတစ်အိတ် ကြွပ်ကြွပ်အိတ်အစား စက္ကူ၊ အင်ဖက်၊ ငှက်ပျောဖက်စသည့် အခြားထုပ်ပိုးပစ္စည်းများ အစားထိုးအသုံးပြုစေရေး ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး Campaign ပြုလုပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက ဈေးပိတ်ရက် (ဥပုသ်နေ့) မြို့မဈေးကြီး အပြင်ဘက်၌ ဆောင်ရွက်ခဲ့ ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2925
Page
2926
Page
2927
Page
2928
Current page
2929
Page
2930
Page
2931
Page
2932
Page
2933
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department