နတ်မောက်မြို့နယ်တွင် ဈေးပိတ်ရက် (ဥပုသ်နေ့) မြို့မဈေးကြီးအပြင်ဘက်၌ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး Campaign ပြုလုပ်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေး

နတ်မောက် ဩဂုတ် ၂၀       

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်ဦးဆောင်မှုဖြင့် ဈေးအတွင်း ရောင်းကုန်ပစ္စည်းများ ထုပ်ပိုးရာတွင် အသုံးပြုသည့် ပလတ်စတစ်အိတ် ကြွပ်ကြွပ်အိတ်အစား စက္ကူ၊ အင်ဖက်၊ ငှက်ပျောဖက်စသည့် အခြားထုပ်ပိုးပစ္စည်းများ အစားထိုးအသုံးပြုစေရေး ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး Campaign ပြုလုပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက ဈေးပိတ်ရက် (ဥပုသ်နေ့) မြို့မဈေးကြီး အပြင်ဘက်၌ ဆောင်ရွက်ခဲ့ ကြသည်။

အဆိုပါ  အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် မြို့မဈေးကြီးအတွင်း  အမှိုက်ကင်းပြီး သန့်ရှင်းသာယာလှပစေရေး ရည်ရွယ်ချက်များဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ပလတ်စတစ်သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုးကျိုးများ၊ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးနည်းလမ်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စွန့်ပစ်ပစ္စည်းများ လျော့ချရေးအတွက် ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်းနှင့် လုပ်ငန်းအစီအစဉ်များ၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်းနည်းလမ်းများ၊ ပြန်လည် အသုံးပြုခြင်းနည်းစနစ်များကို ဈေးရောင်း၊ ဈေးဝယ်မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ကြစေရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြေင်းနှင့်  ပလတ်စတစ် ကြွပ်ကြွပ်အိတ်အစား စက္ကူ၊ အင်ဖက်၊ ငှက်ပျောဖက်များ ဖြန့်ဝေခြင်းလုပ်ငန်းများကို  မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မူမူစန်း