Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု ကျောင်းသား၊ ကျောင်းသူလူငယ်များကို အာဟာပြည့် စားသောက်ဖွယ်ရာမ…
Sep 30,2025
(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်သို့ ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသား၊ ကျောင်းသူလူငယ်များသည် ရန်ကုန်မြို့ အ.ထ.က(၁)ကမာရွတ်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် အသက်(၅)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်
Sep 30,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၅)နှစ်နှင့်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး၊ ထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီမှ စတင်၍ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တောင်ကြီးမြို့ လွိုင်လုံပညာဗောတိ ပရဟိတကျောင်းနှင့် ရေထွက်ဦး ရေကန်တာဘောင်မြှင့်ခြင်း လုပ်ငန်းပြီးစီးမှု ကွင်းဆင်းကြည့်…
Sep 30,2025
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်(၁၀)နာရီခွဲက တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ လွိုင်လုံပညာဗောတိ ပရဟိတကျောင်းသို့သွားရောက်၍ လွိုင်လုံပညာဗောတိ ပရဟိတကျောင်းဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တ သီရိဓမ္မာဘိပါလအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ဈေးရောင်းဈေးဝယ်သူများကို ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး
Sep 30,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန်အတွက် ဈေးရောင်းဈေးဝယ်သူများအား ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းကို ယမန်နေ့က ပွင့်ဖြူမြို့မ စည်ပင်သာယာဈေး၌ ကွင်းဆင်းဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များပြသ
Sep 30,2025
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လာရှိုးခရိုင်ရုံးက စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာ မူလတန်းကြိုကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများကို အာဟာရကျွေးမွေးလှူဒါန်း
Sep 30,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာ မူလတန်းကြိုကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများကို ယမန်နေ့က ရွာဦးဘုန်းတော်ကြီးကျောင်းတိုက်မှ ဆရာတော် ဦးတိလောကနှင့် အလှူရှင်များက စားသောက်ဖွယ်ရာများ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဒက္ခိဏသီရိမြို့နယ် ဟိုတယ်ဇုံသန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုနှင့် ငလျင်ဘေး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်…
Sep 30,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများ လိုက်ပါ၍ ဒက္ခိဏသီရိမြို့နယ်ရှိ ဟိုတယ်ဇုံအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဟိုတယ်ရှေ့မျက်နှာစာ ဥပတိရုပ်ကောင်းမွန်စေရေးနှင့် ပတ်ဝန်းကျင်းသန့်ရှင်းသာယာလှပရေး အမြဲဆောင်ရွက်သွားရန်၊ ရာသီအလိုက်ဖူးပွင့်သောပန်းနှင့် ဟိုတယ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး အလေးထားဆောင်ရွက်သွားရန်မှာကြားခဲ့သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)သို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အပိုင်းလိုက်အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ လူအင်အား၊ စက်ယန္တရားအင်းအား တိုးမြှင့်ဆောင်ရွက်ရေး၊ အရည်အသွေးပြည့်မီသည့် ပစ္စည်းများကိုသာ လုပ်ငန်းခွင်တွင် အသုံးပြုရေး၊ ငလျင်ဒဏ်အပြင်သဘာဝဘေးအန္တရာယ်များ ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ပြီး ဒက္ခိဏသီရိမြို့နယ်အတွင်း ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့်လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများအမြန်ပြီးစီးအောင် စနစ်တကျဆောင်ရွက်ရေး၊ သတ်မှတ်စံချိန်ညွှန်းနှင့် ပြည့်မီအောင် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်ရှိ စွန်ဆည်နှင့် ဆဒ္ဒန်ဆည်ရေလှောင်တမံ ရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျ
Sep 30,2025
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စက်တင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းကစတင်၍ မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ယနေ့စက်တင်ဘာလ ၂၉ ရက်နေ့နံနက် ၁၀နာရီအချိန် ဆည်ရေတိုင်းထွာချက်အရ စွန်ဆည်နှင့် ဆဒ္ဒန်ဆည် ရေလှောင်တမံရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2901
Page
2902
Page
2903
Page
2904
Current page
2905
Page
2906
Page
2907
Page
2908
Page
2909
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department