တန့်ယန်း စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၅)နှစ်နှင့်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး၊ ထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီမှ စတင်၍ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးတိုက်ကျွေး၊ ထိုးနှံခြင်းလုပ်ငန်းအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးဌာနကျန်းမာရေးဝန်ထမ်း ဆရာ၊ ဆရာမများက မွေးကင်းစမှ အသက်(၅)နှစ်နှင့်အောက် ကလေးငယ်များအား စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပြီး အသက်အရွယ်အပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးအားတိုက်ကျွေးခြင်း၊ ထိုးနှံခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)