အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု ကျောင်းသား၊ ကျောင်းသူလူငယ်များကို အာဟာပြည့် စားသောက်ဖွယ်ရာများ လှူဒါန်း

ရန်ကုန် စက်တင်ဘာ ၃၀

(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်သို့ ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသား၊ ကျောင်းသူလူငယ်များသည် ရန်ကုန်မြို့ အ.ထ.က(၁)ကမာရွတ်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည်။

အဆိုပါ ကျောင်းသား၊ ကျောင်းသူလူငယ်များအတွက် စက်တင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ (၃)ဦးဌေးလင်းဦးဆောင်ပြီး စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှုကော်မတီနှင့် လူငယ်ရေးရာကော်မတီတို့မှ အာဟာရပြည့် စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းခဲ့သည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ (၃) ဦးဌေးလင်းဦးဆောင်သည့် အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူလူငယ်များ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။ ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် (၂၅) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် တံခွန်စိုက်ဆုရရှိခဲ့ပြီး ယခုနှစ် (၂၆)ကြိမ်မြောက်တွင်လည်း အောင်မှုများ ဆက်လက်ရရှိအောင် လေ့ကျင့်မှုများကို နေ့စဉ်ဆောင်ရွက်နေကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)