ပွင့်ဖြူ စက်တင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာ မူလတန်းကြိုကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများကို ယမန်နေ့က ရွာဦးဘုန်းတော်ကြီးကျောင်းတိုက်မှ ဆရာတော် ဦးတိလောကနှင့် အလှူရှင်များက စားသောက်ဖွယ်ရာများ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏဖွံ့ဖြိုးစေရန် အာဟာရကျွေးမွေးလှူဒါန်းရာတွင် ရွာသစ်ကုန်းကျေးရွာဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဦးတိလောက ဦးဆောင်သော အလှူရှင်များက မူလတန်းကြိုကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၂၅ ဦးအား နွားနို့၊ ပေါင်မုန့်၊ ချောကလက်ဝေဖာမုန့်တို့ကို ကျွေးမွေးလှူဒါန်း၍ တစ်ကိုယ်ရေကျန်းမာရေးနှင့် ပညာရည်ထူးချွန်းထက်မြက်သော လူတော်လူကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန် မိန့်ကြားသည်။ အဆိုပါ အာဟာရကျွေးမွေးလှူဒါန်းရာတွင် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့် ဆရာ၊ ဆရာမများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)