အမြို့မြို့အနယ်နယ်သတင်းများ

Aug 21,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ အခြေခံစာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
Aug 21,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ မြင်းကပါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံ့သားကောင်းရတနာများဖြစ်လာစေရန် ရည်ရွယ်လျက် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Aug 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြို့၊ အမှတ် (၄) အလတ်စား စက်ပြင်အလုပ်ရုံ၌ အမှတ်(၃/၂၀၂၄) ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်/ပြုပြင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 21,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ညောင်ဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ် ၂ နာရီအချိန်က ခေတ်မီစံပြကျေးရွာထူထောင်ရေး စီမံကိန်း လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပခဲ့ကြောင်း သိရသည်။
Aug 21,2024
စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်တို့ ပူးပေါင်း၍ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြိုအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက အဆိုပါ တက္ကသိုလ်တွင် ကျင်းပပြုလုပ်သည်။
Aug 21,2024
နွားနှင့် ဆိတ်မေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄ မက) ယမန်နေ့က မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည်။
Aug 21,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် (၁၀)နာရီက အခြေခံပညာမူလတန်းကျောင်း(တောင်မင်းတည်း)တွင် ဆောင်ရွက်ခဲ့သည်။
Aug 21,2024
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ်တွင်  မြန်မာနိုင်ငံဆီကုန်သည် ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ မြစ်သားမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား စျေးနှုန်းချိုသာစွာ စားသုံးနိုင်ရန်အတွက် စားအုန်းဆီတစ်ပိဿာလျှင် (၆၇၃၅)ကျပ်နှုန်းဖြင့် ရှမ်းပွဲရပ်ကွက်အတွင်းရှိ ဒေါ်ဇာဇာကုန်ဆုံဆိုင်ရှေ့တွင် ယနေ့နံနက်ပိုင်းက ရောင်းချပေးခဲ့ကြောင်း သိရသည်။