ဟုမ္မလင်း အောက်တိုဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ရွေးကောက်ပွဲလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ပထမအကြိမ်မဲစာရင်းများ ကပ်ထားမည့်နေရာများကို ယမန်နေ့နံနက်ပိုင်းက သတ်မှတ်ရပ်ကွက်/ကျေးရွာများသို့ လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ၊ဦးလှဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ပါဝင်သောအဖွဲ့များသည် သတ်မှတ်ရပ်ကွက်/ကျေးရွာများအလိုက် ကွင်းဆင်း ကြည့်ရှုစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းတွင် ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်ခွဲ တာဝန်ရှိသူများအား ပထမအကြိမ်မဲစာရင်းများ ကြေညာနိုင်ရေးမဲစာရင်းပုံစံများ ထုတ်ပေးမည်ဖြစ်ရာ သတ်မှတ်ရက်များအတွင်း ကပ်ထားနိုင်ရေး၊ မဲစာရင်းကပ်ထားသည့် နေ့ရက်များ၌ ကြည့်ရှုသူဦးရေ၊ ပုံစံ(၃)ပုံစံ(၄)လျှောက်ထားသူများကို နေ့စဉ်တင်ပြရေးနှင့် နေရပ်စွန့်ခွာပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအခြေအနေများကို စနစ်တကျဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းနှင့်၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၂၈) ရက်တွင်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် ဟုမ္မလင်းမြို့နယ်အတွင်း မဲရုံ(၇၁)ရုံနှင့်မြို့ ပေါ်ရပ်ကွက် တွင်(၁၃)ရုံရှိ ကြောင်းသိရှိရသည်။
မြို့နယ်(ပြန်/ဆက်)