မင်းဘူး အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အမှတ် (၄) သူဌေးကုန်းရပ်ကွက်ရှိ မဟာသကျမုနိဗုဒ္ဓပူဇနိယ ဘုရားပွဲတော်အား စည်ကားသိုက်မြိုက်စွာ နှစ်စဉ်အမြဲကျင်းပလာခဲ့ရာ ယခုနှစ်တွင်လည်း အစဉ်အလာမပျက် ရိုးရာလှေပြိုင်ပွဲများ၊ ဒိုးကလေးတေဂီတအဖွဲ့များဖြင့် ဖျော်ဖြေတင်ဆက်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ဘုရားပွဲတော်ကို စက်တင်ဘာ ၂၉ ရက်နေ့မှစတင်ကာ ရိုးရာလှေပြိုင်ပွဲများအနေဖြင့် ဂျင်းကောင်၊ ပျိုတို့မောင်၊ မုန်တိုင်း၊ ချက်ဖို၊ ရိုးရိုးလေး၊ မြတ်သုခ စသောအသင်များ ဝင်ရောက်ယှဉ်ပြိုင်စေကာ စက်တင်ဘာလ ၂၉ ရက်နေ့တွင် စတင်ယှဉ်ပြိုင်ပြီး ၃၀ ရက်နေ့တွင် ဗိုလ်လုပွဲကို ဆက်လက် ကစားစေခဲ့ပြီး အနိုင်ရရှိသည့် ပထမရရှိသည့် ချက်ဖိုအသင်း၊ ဒုတိယရရှိသည့် မုန်တိုင်းအသင်းနှင့် တတိယရရှိသည့် ပျိုတိူ့မောင် အသင်းများကို အမှတ်(၄) အုပ်ချုပ်ရေးမှူး ဦးမျိုးဆင့်နှင့် တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ဒိုးကလေးတေးဂီတအဖွဲ့ဖြင့် ဖျော်ဖြေတင်ဆက်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)