မလှိုင် အောက်တိုဘာ ၁
မန္တလေးတိုင်ဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာ (၃၀)ရက်နေ့ စတင်ကြေညာထားရာ အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၉ နာရီက မလှိုင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းကို စက်တင်ဘာ(၃၀)ရက်နေ့မှ အောက်တိုဘာ (၁၃)ရက်နေ့အထိ (၁၄)ရက်ကြာ ကပ်ထားကြေညာသွားမည်ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းကို ကိုယ်တိုင်လာရောက်ကြည့်ရှုပြီး မဲစာရင်းတွင် ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်လိုပါက သတ်မှတ်ပုံစံများဖြင့် သတ်မှတ်ရက်အတွင်းဆောင်ရွက်နိုင်ကြောင်း၊ လာရောက်ကြည့်ရှုကြသည့် မဲဆန္ဒရှင်ပြည်သူများကို အသိပညာပေးရှင်းလင်းပြောကြားကာ လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မလှိုင်(ပြန်/ဆက်)