ဒေးဒရဲမြို့နယ်အတွင်းရှိ အသက် (၉၀) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဒေးဒရဲ အောက်တိုဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့ပေါ်ရပ်ကွက်များရှိ အသက် (၉၀) နှစ်နှင့်အထက်ရှိ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှေက်မှုလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည့်လုပ်ငန်းများအား ယနေ့မွန်းလွဲပိုင်းက မြို့နယ်တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်နေမှုများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များရှိ အသက် (၉၀) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ဆီးချို၊ သွေးချို၊ နှလုံးရောဂါနှင့် သွေးတိုးရောဂါများ စမ်းသပ်ပေးခြင်း၊ လိုအပ်သော ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း