တနိုင်းမြို့နယ်တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ စတင်ကပ်ထားကြေညာ

တနိုင်း အောက်တိုဘာ ၁

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို ယမန်နေ့နံနက် ၇ နာရီမှ စတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများနှင့် ကျေးရွာများတွင် ပထမအကြိမ် ကပ်ထားကြေညာပေးထားကြောင်းသိရသည်။

အဆိုပါမဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးအောင်စိုးနှင့်အဖွဲ့ဝင်များက နံနက် ၉ နာရီခွဲမှ စတင်၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက်လှည့်လည်ကြည့်ရှု၍ မြို့နယ်ရဲတပ်ဖွဲ့ဝင်နှင့်ပလကဖ အဖွဲ့ဝင်များ လုံခြုံရေးများပေး၍ကြီးကြပ် ဆောင်ရွက်ခဲ့သည်။

တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ ရပ်ကွက်(၁၁)ခုနှင့် ကျေးရွာ အုပ်စု(၈) ခုတို့တွင် ၂၀၂၅ ခုနှစ် ပါတီဒီမိုကရေစီဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ဦးရေ ၃၃၁၇၇ ရှိ​ပြီး ​လျာထားမဲရုံပေါင်း (၂၉)ရုံရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မှသိရသည်။

မြို့နယ်(ပြန်/ဆက်)