အင်္ဂပူ အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင်အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်းကို စက်တင်ဘာ ၂၉ ရက်နေ့ နေ့လည်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင် ကအမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွှေးကောက်ပွဲအရာရှိ ဦးသူရလှိုင်က မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်၏ ဖွဲ့စည်းတည်ဆောက်ပုံ MEVM စက်ဖြင့်စမ်းသပ်မဲပေးမှု အဆင့်ဆင့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်တက်ရောက်လာသည့် နေရပ်စွန့်ခွာပြည်သူများက တစ်ဦးချင်း လက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။
အဆိုပါမြန်မာအီလက် ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြ မဲပေးနေမှုအား ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများကလှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
မန်းကျော်(ပြန်/ဆက်)