ချမ်းအေးသာစံမြို့နယ်၌  ပထမအကြိမ်မဲစာရင်း ထုတ်ပြန်ကြေညာမှုအရ မဲဆန္ဒရှင် ၁၀၇၉၁၅ဦးရှိပြီး တိုင်းရင်းသားမဲဆန္ဒရှင် ၃၁၈၀ရှိ

ချမ်းအေးသာစံ အောက်တိုဘာ  ၁

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၌ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာ ၃၀ရက်‌နံနက်ပိုင်းမှစတင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားရာ မဲဆန္ဒရှင် ပြည်သူများ သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်တွင် ရပ်ကွက်(၂၀)ရှိရာ လာမည့်ရွေးကောက်ပွဲ၌ မဲရုံ(၇၀)ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ပထမအကြိမ်မဲစာရင်း ထုတ်ပြန်ကြေညာမှုအရမဲဆန္ဒရှင်   (၁၀၇၉၁၅)ဦးရှိပြီး တိုင်းရင်းသားမဲဆန္ဒရှင် (၃၁၈၀) ရှိသည်။

ပထမအကြိမ် မဲစာရင်းကြေညာထားရှိမှုအား ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြီးကြပ်စစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်