ကိုကိုးကျွန်းမြို့နယ်တွင် ဒေသအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်

ကိုကိုးကျွန်း စက်တင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်တွင်း ကျွန်း၏အရှေ့ဘက် ကမ်းနားလမ်းဘေးတွင် ပင်လယ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုခြင်းဖြစ်ပေါ်နေသော နေရာအား စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းက စုပေါင်းပြုပြင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကမ်းပါးပြိုခြင်းနေရာတွင် ပင်လယ်ကမ်းစပ်ရှိ ကျောက်များကိုကောက်ယူ၍ ကမ်းပြိုသည့်နေရာအား အစားထိုးပြုပြင်ခဲ့ကြောင်း သိရသည်။

ထိုသို့ဒေသအကျိုးပြု ဖွံဖြိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ တပ်မတော်သားများ စုစုပေါင်း ၁၆၀ဦးဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော်