ကျောက်ဆည် စက်တင်ဘာ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကော်မရှင်အဖွဲ့ခွဲအနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည့် ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအချက်အလက်များကို တိုက်ဆိုင်စိစစ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပြီး စက်တင်ဘာ ၂၉ ရက်နေ့နံနက် (၁၀) နာရီက ပြည်သူ့ပါတီမှ ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအချက်အလက်များကို ကျောက်ဆည်ခရိုင် ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ဆက်လက်စိစစ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စိစစ်ခြင်းများဆောင်ရွက်ရာ၌ ကျောက်ဆည်ခရိုင် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်စိန်က ပါတီကိုယ်စားလှယ်လောင်းများနှင့် ပတ်သက်၍ တိုက်ဆိုင်စိစစ်သွားရမည့် အချက်လက်များအား ရှင်းလင်းပြောကြားခဲ့ရာ ကိုယ်စားလှယ်လောင်းများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ပြီး ရေးသွင်းရမည့် ကိုယ်ရေးအချက်လက်များအား ခရိုင်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ခွဲအဖွဲ့ဝင်များ၏ ရှေ့မှောက်တွင် ရေးသားဖြည့်သွင်းခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)