မိတ္ထီလာ စက်တင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်တွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကို စက်တင်ဘာ ၂၈ ရက်နေ့နံနက်က အခြေခံပညာအထက်တန်းကျောင်း အလည်ရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးစန်းအောင်က စားသုံးသူရေးရာဦးစီးဌာနတွင် လက်ရှိဆောင်ရွက်နေသော စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများနှင့် နစ်နာဆုံးရှုံးမှုများ ညှိနှိုင်းဖြေရှင်းမှုများ လုပ်ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူသုံးစွဲနေသော ကုန်စည်များနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ရိုးရှင်းမှန်ကန်စွာဖော်ပြရန် တာဝန်ရှိကြောင်း လုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်သောကုန်စည်များပေါ်တွင် ဥပဒေပါကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များအား လိုက်နာခြင်းမရှိပါက အရေးယူဆောင်ရွက်နိုင်မည့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ မိမိထုတ်ကုန်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် အခက်အခဲရှိပါကဌာနသို့ လာရောက်မေးမြန်းနိုင်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း အခြားကုန်စည်ကို ဝယ်ယူသုံးစွဲရာတွင် မိမိတို့ကိုယ်တိုင်စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့် အရေးနစ်နာဆုံးရှုံးမှုများ ရှိခဲ့လာပါက တိုင်းဒေသကြီး/ ပြည်နယ်နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးမှားတွင် တိုင်ကြားနိုင်ပါကြောင်း၊ DOCA Myanmar Application နှင့် စားသုံးသူရေးရာ ဦးစီးဌာန၏ Website တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်ကြောင်း၊ Consumer Cell Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)