နမ့်စန်တွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနား ကျင်းပ

နမ့်စန်(တ) အောက်တိုဘာ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၄) ရပ်ကွက်ရှိ နမ့်စန်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဦးစွာ နမ့်စန်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်က (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ မိန့်ခွန်းပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ထံမှ ပေးပို့လာသည့် ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် သဝဏ်လွှာအား နမ့်စန်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းနိုင်က ဖတ်ကြားခဲ့သည်။

ထို့နောက် ၂၀၂၅ ခုနှစ် မတ်လ ၇ ရက်နေ့တွင် ‘ဟိုတ’ သံတံတားလုံခြုံရေးရဲကင်း၌ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိသဖြင့် ဒုတိယရဲအုပ်အဆင့်မှ ရဲအုပ်အဆင့်သို့ ရာထူးတိုးမြှင့်ခြင်းခံရသည့် ကျိုင်းတောင်းနယ်မြေရဲစခန်းမှ ရဲအုပ်ဆက်ပိုင်ထူးအား နမ့်စန်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။

ဆက်လက်၍ နမ့်စန်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းနိုင်က တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် ရဲမှုထမ်းဟောင်းများနှင့် ရပ်မိရပ်ဖများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသော ဧည့်သည်တော်များကို (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Clip ပြသခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)