တံတားဦး အောက်တိုဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်တွင် ၂၀၂၅-ခုနှစ်အောက်တိုဘာ(၁)ရက်နေ့တွင်ကျရောက်သည့်(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာလ ၂ ရက်နေ့ နံနက် (၁၁)နာရီက တံတားဦးမြို့ မြို့မရဲစခန်းအတွင်းရှိ ဓမ္မာရုံအတွင်း၌ ကျင်းပကြောင်းသိရသည်။
အခမ်းအနားတွင် တံတားဦးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်ဇော်မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ထံမှ ပေးပို့သည့် (၆၁)မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာအားဖတ်ကြားပသည်။
ထို့နောက် တံတားဦးခရိုင်အတွင်းရှိ ရဲစခန်းများမှ ကြိုးစားအားထုတ်မှု၊ မှုခင်းဖော်ထုတ်ဖမ်းဆီရရှိမှု ပြေးလေးပြေးဖော်ထုတ်ရရှိမှုအစရှိသော ဆုရရှိသည့် ရဲတပ်ဖွဲ့ဝင်များကို တံတားဦးခရိုင် ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်သည်။
ဆက်လက်၍ ခရိုင်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာနှင့်ပတ်သတ်သည့် မိသားစုအိမ်လိုင်းခန်းသန့်ရှင်းရေးဆု၊ စိုက်ပျိုးရေးအကောင်းဆုံးဆုအစရှိသော ရဲတပ်ဖွဲ့ဝင်ဇနီးများကို ခရိုင်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။
ထို့နောက် တံတားဦးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးခင်မောင်ဇော်မှ မှုခင်းဖော်ထုတ်ရာတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည့် အရပ်သက်သားသက်သေများနှင့် ရဲမှုထမ်းဟောင်းများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကား ပြောကြားကြောင်း သိရသည်။ရဲတင့်(ပြန်/ဆက်)