ပခုက္ကူမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

ပခုက္ကူ အောက်တိုဘာ ၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များမီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် အောက်တိုဘာလ ၁ ရက် နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။ 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပခုက္ကူခရိုင်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်း၏လမ်းညွန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ပခုက္ကူမြို့၊ အာကာမျိုးစက်သုံးဆီအရောင်းဆိုင်တာဝန်ရှိသူများအား မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများစနစ်တကျထားရှိရေး၊ မီးသတ်ဆေးဘူးများ စနစ်တကျကိုင်တွယ်အသုံးပြုတတ်စေရေး၊ ရေကန်နှင့်ရေစင်များကို ရေအပြည့်ဖြည့်တင်းထားရှိရေးတို့ကို အသိပညာပေးဟောပြောခြင်း၊ ဆိုင်ဝန်ထမ်းများက လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်လေ့ကျင့်ခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)