Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မိတ္ထီလာမြို့နယ်နှင့် သာစည်မြို့နယ်များရှိ ကျေးရွာချင်းဆက်လမ်းများ ကတ္တရာခင်းလုပ်ငန်းနှင့် တံတား တည်…
Aug 30,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး မိတ္ထီလာမြို့နယ်နှင့် သာစည်မြို့နယ်များရှိ ကျေးရွာချင်းဆက်လမ်းများ ကတ္တရာခင်းလုပ်ငန်းနှင့် တံတား တည်ဆောက်ခြင်းလုပ်ငန်းများအား ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမာရွတ်မြို့နယ်၌ ပန်းချီပြိုင်ပွဲနှင့်ဟောပြောပွဲကျင်းပ
Aug 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသော “ဆေးလိပ်ဆေးရွက်ကြီး လွှမ်းမိုးမှုအန္တရာယ် သတိပြုကာကွယ် တို့လူငယ်” ခေါင်းစဉ်ဖြင့် ဟောပြောပွဲ၊ ပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း ပညာတန်ဆောင်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ အန္တရာယ်ဖြစ်နိုင် ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်း…
Aug 30,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အခြေခံပညာနှင့်စက်မှု၊စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက အန္တရာယ်ဖြစ်နိုင်ခြေသိရှိ သတိပြုခြင်းနှင့်ဘေးကင်းစွာပြုမှုနေထိုင်ခြင်း၊ ပေါက်ကွဲစေတတ်သောပစ္စည်းများ၏ အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများ လျှော့ချနိုင်စေရန် ရည်ရွယ်၍ အသိပညာ ပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း ကျန်စစ်သားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ် သာဂရမြို့ရှိ ရေဘေးသင့်အိမ်ထောင်စုများအား စားနပ်ရိက္ခာများ ထောက်ပံ့
Aug 30,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ သာဂရမြို့ရှိ ဝဲဒေါင့်ကျေးရွာအုပ်စု ဝဲဒေါင့်ကျေးရွာ၊ ကျောင်းကုန်းကျေးရွာနှင့် ကျူဇောင်းကျေးရွာတို့တွင် စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် နေထိုင်ရန်အခက်အခဲရှိသူများအား ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ အိမ်ထောင်စုများအလိုက် ပြောင်းရွှေ့စီစဥ် ဆောင်ရွက်ထားပြီး ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့်အဖွဲ့ဝင်များ၊ သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များက ရေဝင်ရောက်သည့် ကျေးရွာများအား လှည့်ပတ်ကြည့်ရှုကာ သောက်ရေသန့်နှင့် အာဟာရဖြည့်အစားအစာများ ကူညီထောက်ပံ့ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ် မုန့်ပေါင်း-ဇော်ဂျီ-ရွာသစ်- ကန်ကြီး ကျေးရွာချင်းချိတ်ဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 30,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၁၃၇.၁၇)သန်းဖြင့် မုန့်ပေါင်း- ဇော်ဂျီ- ရွာသစ်- ကံကြီး ကျေးရွာချင်းချိတ်ဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့နယ်၌ ကျေးရွာနှစ်ရွာတွင် စာကြည့်တိုက်အဆောက်အဦသစ် ၈၀ ရာခိုင်နှုန်းပြီးစီး
Aug 30,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ထုံးဖိုကျေးရွာနှင့် ဒရောက်ကူး ကျေးရွာတို့တွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေဖြင့် စာကြည့်တိုက်အဆောက်အဦသစ်များဆောက်လုပ်လျက်ရှိရာ စာကြည့်တိုက် အဆောက်အဦသစ်များကို ဩဂုတ်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့နယ်၌ ကျောင်းအခြေပြု ဌာနဆိုင်ရာပေါင်းစုံ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 30,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်မြို့နယ် ညောင်လွန့်ကျေးရွာအခြေခံ ပညာအထက်တန်းကျောင်းတွင် ကျောင်းအခြေပြု ဌာနဆိုင်ရာပေါင်းစုံ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါကျောင်း၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ် ကယားပြည်နယ်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Aug 30,2024
၂၀၂၄ ခုနှစ် ကယားပြည်နယ်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2788
Page
2789
Page
2790
Page
2791
Current page
2792
Page
2793
Page
2794
Page
2795
Page
2796
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department