လားရှိုးတက္ကသိုလ် သန့်ရှင်းသာယာလှပ‌စေရေး အများပြည်သူအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

လားရှိုး အောက်တိုဘာ  ၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပြည်နယ်အစိုးရအုပ်ချုပ်‌ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)က ကြီးကြပ်၍ လားရှိုးတက္ကသိုလ် သန့်ရှင်းသာယာလှပစေရေး အများပြည်သူအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၇) နာရီက ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် တွဲဖက်ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက လာရှိုးတက္ကသိုလ်ဝင်း အတွင်းအပြင် သန့်ရှင်းသာယာလှပစေရေး အတွက် ခြုံနွယ်ပေါင်းမြက်ပင်များ ရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် ရေနုတ်မြောင်းအတွင်းရှိ အမှိုက်များဆယ်ယူခြင်း စသည့်သန့်ရှင်းရေးလုပ်ငန်းများအား စုပေါင်းဆောင်ရွက်သည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ပြည်နယ်အစိုးရအုပ်ချုပ်‌ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)