လားရှိုးတွင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး ကျား၊ မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

လားရှိုး အောက်တိုဘာ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး ကျား၊ မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ လားရှိုးခရိုင် အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက အမှာစကားပြောကြားပြီး ခရိုင်အမျိုးသမီးကော်မတီအတွင်းရေးမှူး ဒေါ်အေးအေးဝင်းက ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှုယန္တယားများအကြောင်း ကျား၊ မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား ဆွေးနွေးတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက သိရှိလိုသည်များအား မေးမြန်း‌ဆွေးနွေးခဲ့ရာ ခရိုင်အမျိုးသမီးကော်မတီ အတွင်းရေးမှူးက ပြန်လည်ဖြေကြား‌ ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)