Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပန်းတောင်းမြို့နယ် ဥသျှစ်ပင်တိုက်နယ်ဆေးရုံ၌ ပြည်မြို့ ခုတင်(၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ နယ်လှည့်ကွင်းဆင်း(အခမဲ့) စမ်းသပ်ဆေးကုသခြင်းလု…
Oct 04,2025
ပြည်သူများ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေး၊ ဆေးကုသမှုစရိတ်လျော့နည်းကျဆင်းစေရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေရန်ရည်ရွယ်ကာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ဥသျှစ်ပင်တိုက်နယ်ဆေးရုံ၌ ပြည်မြို့ ခုတင်(၅၀၀) အထွေထွေရောဂါကု ဆေးရုံကြီးမှဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဦး ဦးဆောင်ကာ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့နံနက်(၉)အချိန်မှစတင်ကာ ဥသျှစ်ပင်တိုက်နယ်ဆေးရုံ၌ အခြေပြု၍ ဒေသခံပြည်သူများအား နယ်လှည့်ကွင်းဆင်း(အခမဲ့) ဆေးကုသပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာဆီ၊ ဆပ်ပြာခဲနှင့် ခေါင်းလျှော်ရည်ပြုလုပ်နည်းသင်တန်းဆင်းပွဲ ကျင်းပ
Oct 04,2025
ဒေသတွင်းအမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေနိုင်ရန်၊ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာဆီ၊ ဆပ်ပြာခဲနှင့် ခေါင်းလျှော်ရည်ပြုလုပ်နည်းသင်တန်းဆင်းပွဲကို စက်တင်ဘာလ ၂၉ ရက်နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်း-မိတ္ထီလာလမ်း မိုင်တိုင် ၅၁/၄ မှ ၅၁/၇ အတွင်းရှိ တံတားအမှတ် ၅/၅၂ ကွန်ကရစ်တံတားကျိုး၍ လမ်းပြတ်တောက်မှုအား အချိန်နှင့်တစ်ပြေးညီ ပြုပြင်ပြီးစီး၍ လ…
Oct 04,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ရေလှောင်တမံ၏ ရေပိုလွှဲမှ ရေကျော်စီးဆင်းမှုကြောင့် ကျောက်ပန်းတောင်း-မိတ္ထီလာသွား ကမ်းလမ်းတွင် ရေကျော်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ ရေစီးဆင်းမှု အရှိန်ကြောင့် ကိုင်းကျေးရွားအနီး မိုင်တိုင်အမှတ် ၅၁/၄ မှ မိုင်တိုင်အမှတ် ၅၁/၇ အတွင်းရှိ တံတားအမှတ် ၅/၅၂ မှာ အောက်တိုဘာ (၃)ရက်နေ့ နံနက်(၁၀:၄၅)နာရီက ကျိုးကျမှု ဖြစ်ပွားကာ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမရတော့သဖြင့် ယာယီလမ်း ပိတ်ဆို့ကာ ကျောက်ဖြည့် ပြုပြင်မှုများကို လမ်းဦးစီးဌာန ခရိုင်နှင့် မြို့နယ်တာဝန်ရှိသူ များက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ မွန်းလွဲ(၁:၁၅)နာရီမှစကာ အစောတလျင် ဆောင်ရွက်ခဲ့ကြရာ၊ ညနေ(၆:၂၀)နာရီတွင် မော်တော်ယာဉ်ကြီး/ယာဉ် ငယ်များ ပြန်လည် ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်ဗဟိုသားဖွားသင်တန်းကျောင်းမှ ဘက်စုံသားဖွားသင်တန်းသူများ မြို့နယ်ကျန်းမာရေးဦးစီးဌာနသို့လေ့လာရေးလာရောက်
Oct 04,2025
ရန်ကုန်တိုင်ဒေသကြီး၊ ကျောက်တံတားခရိုင်၊ဒဂုံမြို့နယ်ပြည်သူ့ကျန်းမာရေးဌာနသို့ ရန်ကုန်ဗဟိုသားဖွားသင်တန်းကျောင်း၊ ဘက်စုံသားဖွားသင်တန်းကျောင်းမှ သင်တန်းသူများ ဘာသာရပ် စာတွေ့လက်တွေ့ သင်ကြားရန်ယမန်နေ့က လာရောက်လေ့လာခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးဝန်ကြီးချုပ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ တိုင်းဒေသကြီးကိုယ်စားပြုပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံပ…
Oct 04,2025
(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီး ကိုယ်စားပြုပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဧရာဝတီတိုင်း ဒေသကြီးကိုယ်စားပြုပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုးကောင်းမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများစာရင်းကို ရပ်ကွက်အလိုက် ကပ်ထားကြေညာထားမှုအား တာဝန်ရှိသူများ လိုက်လံကြည့်ရှု
Oct 04,2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောင်ပွဲတွင် ဆန္ဒမဲပေးကိုင်ခွင့်ရှိသူပြည်သူများ၏မဲစာရင်းများကို ပထမအကြိမ် ရပ်ကွက်အလိုက်ကြေညာကပ်ထားခြင်းကို မိုးညှင်းခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အောက်တိုဘာ (၃)ရက်နေ့တွင် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် တံတားအမှတ် - ၃၄၃ ရန်ပယ်ချောင်းကူး ရထားလမ်းတံတား ရေတိုက်စားမှုနေရာများအ…
Oct 04,2025
ပိုဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်မြိုင်နှင့် မြန်မာ့မီးရထား အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံများသည့် စက်တင်ဘာ ၃၀ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ပြည်-ပုဂံရထားလမ်းပိုင်းတွင် ရေတိုက်စားပြီး ရေလယ်တိုင်နိမ့်ကျမှုဖြစ်ပေါ်ခဲ့သည့် ဝက္ကသေးကျေးရွာအနီးရှိ တံတားအမှတ် ၃၄၃ ရန်ပယ်ချောင်းကူး ရထားလမ်းတံတား၏ အခြေအနေ များအား ယမန်နေ့ နေ့လယ်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့၌ MSMEs လယ်ယာသုံးစက်ကိရိယာ ပစ္စည်းထုတ်ကုန်များ ပြပွဲ/ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ ပြုလုပ်
Oct 04,2025
ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောဘုရား ယာဉ်ရပ်နားဝန်း၌ ယမန်နေ့ညနေပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ MSMEs လယ်ယာသုံးစက်ကိရိယာ ပစ္စည်းထုတ်ကုန်များ ပြပွဲ/ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2787
Page
2788
Page
2789
Page
2790
Current page
2791
Page
2792
Page
2793
Page
2794
Page
2795
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department