Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဓာတ်မြေဩဇာဖိုးငွေများ အချိန်မီပြန်လည်ပေးဆပ်နိုင်ရေး လိုအပ်သည့်ကိစ္စရပ်များ ပံ့ပိုးနိုင်ရေးနှင့် စပါးစိုက်ပျိုးခြင်းတွင် စက်မှုလယ်ယာစနစ် လွှမ်းခြုံနိုင်ရန်အတွက…
Oct 04,2025
ဓာတ်မြေဩဇာဖိုးငွေများ အချိန်မီပြန်လည်ပေးဆပ်နိုင်ရေး လိုအပ်သည့်ကိစ္စရပ်များ ပံ့ပိုးနိုင်ရေးနှင့် စပါးစိုက်ပျိုးခြင်းတွင် စက်မှုလယ်ယာစနစ် လွှမ်းခြုံနိုင်ရန်အတွက် Drum Seeder များ ဖြန့်ခွဲနိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် မုန်းမြင့်ကျေးရွာ၌ မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြော
Oct 04,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသတွင်း ရာသီဥတုဂေဟစနစ်များ ကောင်းမွန်စေရန်နှင့် ဒေသခံပြည်သူများအတွက် ကျန်းမာသန့်ရှင်းပြီး ဘေးကင်းလုံခြုံသော လူနေမှုပတ်ဝန်းကျင်ကောင်း ဖန်တီးပေးနိုင်ရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မုန်းမြင့်ကျေးရွာ၌ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာ-အိန္ဒိယချစ်ကြည်ရေးစီမံကိန်း ပုဂံဒေသရှိ ငလျင်ဒဏ်သင့်ဘုရားပုထိုးများ အဆောက်အဦ ထိန်းသိမ်းခြင်းနှင့် ဓာတုဗေဒနည်းဖြင့်ထိန်းသိမ်းမှု(ဒုတိယအဆင့်)ဖွင့်ပွဲအခမ်း…
Oct 04,2025
၂၀၁၆ ခုနှစ် ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ရသော ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံ (၇၂)ဆူအား အဆောက်အအုံပိုင်းဆိုင်ရာ ကြံ့ခိုင်ထိန်းသိမ်းခြင်းနှင့် နံရံပန်းချီနှင့်အင်္ဂတေပန်းတော့ဆိုင်ရာ ကြံ့ခိုင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို အိန္ဒိယနိုင်ငံ အစိုးရထောက်ပံ့မှုများဖြင့် Archaeology Survey of India (ASI)အဖွဲ့က ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲနှင့် ပူးပေါင်း၍ ၂၀၂၀ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ပထမအဆင့် (၁၁)ဆူ လုပ်ငန်းအားဖြင့် ၂၂ခု ကို ရာနှုန်းပြည့်ဆောင်ရွက်ပြီးဖြစ်ရာ အောက်တိုဘာ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် မြန်မာ-အိန္ဒိယချစ်ကြည်ရေးစီမံကိန်း ပုဂံဒေသရှိ ငလျင်ဒဏ်သင့်ဘုရားပုထိုးများ အဆောက်အဦ ထိန်းသိမ်းခြင်းနှင့် ဓာတုဗေဒနည်းဖြင့်ထိန်းသိမ်းမှု(ဒုတိယအဆင့်)ဖွင့်ပွဲအ ခမ်းအနားကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ထုတ်ပြန်ကြေညာထားရှိရာ တာ၀န်ရှိသူများက လိုက်လံကြည့်ရှု
Oct 04,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား ပထမအကြိမ် ကပ်ထားကြေညာခြင်းကို စက်တင်ဘာ ၃၀ ရက်နေ့ နံနက်မှစ၍ ရပ်ကွက် (၁၉)ခုရှိ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့တွင် ကပ်ထားကြေညာထားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့နယ်တွင် မိုးစပါးများ ဆစ်ပိုးကာကွယ်နှိမ်နင်းရေးအတွက် ဥကပ်ပါးနဂျီ လွှတ်ပေးခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်
Oct 04,2025
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မိုးစပါးများ ဆစ်ပိုးကာကွယ်နှိမ်နင်းရေးအတွက် ဥကပ်ပါးနဂျီ (Trichogramma) လွှတ်ပေးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၉) နာရီက ကျောက်တလုံး ကျေးရွာရှိ တောင်သူ ဦးရာဂျူး၏လယ် ကွင်းအမှတ်- ၈၂၈ တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးထုတ်ကုန် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး တောင်သူပညာပေး ဆွေးနွေးပွဲတက်ရောက်၊ ပညာရေ…
Oct 04,2025
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် သရက်တောကျေးရွာ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ၌ ကျင်းပသော စိုက်ပျိုး၊ မွေးမြူရေး ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး တောင်သူပညာပေး ဆွေးနွေးပွဲသို့ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်အမည်စာရင်းကပ်ထားခြင်းများအား တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေး…
Oct 04,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားသည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ ယမန်နေ့ ၂ နာရီ ၂၀ မိနစ်အချိန်က သင်္ဃန်းကျွန်းမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် အဖွဲ့ဝင်တို့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒုတိယဝန်ကြီးဦးထိန်လင်း ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်…
Oct 04,2025
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီ နာယက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဆုရအားကစားသမားများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2786
Page
2787
Page
2788
Page
2789
Current page
2790
Page
2791
Page
2792
Page
2793
Page
2794
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department