အမြို့မြို့အနယ်နယ်သတင်းများ

Aug 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်၊ သန်လျင်၊ ကျောက်တံတားခရိုင်တို့၏ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၇ နာရီခွဲက ဖွင့်ပွဲအခမ်းအနားပြုလုပ်ပြီး ဆုပေးပွဲအခမ်းအနားကို ၎င်းနေ့ ညနေ ၅ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ တိုင်းရင်းသားကျေးရွာ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Aug 30,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ မြို့နယ်စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသော အသိပညာဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ညောင်လေးပင်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း လင်းရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Aug 30,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အ.ထ.ကကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိုးရာသီဘောလုံး အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၃) နာရီ က မြို့မအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Aug 29,2024
တနင်္သာရီတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအစည်းအဝေး(၃/၂၀၂၄)ကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ စီးပွားရေးရာဝန်ကြီးအခန်း၌ ကျင်းပခဲ့သည်။
Aug 29,2024
ကရင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ထုံး လုပ်နည်းနှင့် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဘားအံခရိုင်ရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။
Aug 29,2024
၂၀၂၄-၂၀၂၅ ကျောင်းကျန်းမာရေး စောင့်ရှောက်မှု ရက်သတ္တပတ်အနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်း ဆောင်ရွက်ခြင်းကို ဩဂုတ်လ(၂၉)ရက်နေ့တွင် အခြေခံပညာကျောင်းများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Aug 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂) ဦးသန်းဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ကမ်းနီကျေးရွာအုပ်စု ကမ်းနီကျေးရွာ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်သည့် ကော်ဖီသီနှံပင်ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည့်သူစစ်အဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့်အတူ ကော်ဖီပင်သီးနှံများကို စုပေါင်းစိုက်ပျိုးကြသည်။