သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်အမည်စာရင်းကပ်ထားခြင်းများအား တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေး

သင်္ဃန်းကျွန်း အောက်တိုဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားသည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ ယမန်နေ့ ၂ နာရီ ၂၀ မိနစ်အချိန်က သင်္ဃန်းကျွန်းမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် အဖွဲ့ဝင်တို့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များအား မသမာသူများမှ နှောင့်ယှက်ဖျက်ဆီးမူမခံရစေရေး၊ လုံခြုံရေးအထူးဂရုပြုဆောင်ရွက်နိုင်ရေး၊ မဲစာရင်းတွင် သေဆုံးသူ/သာသနာ့ဝန်ထမ်းများ စသည့်တို့ မပါစေရေး၊ ယာယီနေရပ်စွန့်ခွာသူများအား ၁၂.၁၀.၂၀၂၅ ရက်နေ့မတိုင်မီ ကြိုတင်မဲဆောင်ရွက်နိုင်ရေး ပုံစံ(၁၅)ဖြင့်လျှောက်ထားရန်၊ မဲစာရင်းတွင် အမည်စာရင်းမပါရှိပါက ပုံစံ(၃)ဖြင့် လျှောက်ထားနိုင်ရေး၊ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲပေးခွင့်မဆုံးရှုံးစေရေး လိုအပ်သည်များကို ဆွေးနွေးပေါင်းစပ်မှာကြား စိစစ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ဇော်မိုး (သင်္ဃန်းကျွန်း)