Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရားနှင့် နန်းမြေဘုံသာစံနန်းတော်ရာစန္ဒာမုနိဘုရား ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွ…
Oct 09,2025
ရတနာပုံမန္တလေးမြို့တည်နန်းတည် ပဉ္စမသင်္ဂါယနာတင်ဘ၀ရှင် မင်းတုန်းမင်းတရားကြီး တည်ထားတော်မူခဲ့သည့် မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားနှင့် နန်းမြေဘုံသာစံ နန်းတော်ရာ စန္ဒာမုနိဘုရား (၁၃၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် လေးပြင်လေးရပ်မှ ပင့်သံဃာ အပါး ၂၂၀၀ အား သံဃာ့ဒါနဆွမ်းသပိတ်လောင်းလှူပွဲ အခမ်းအနားကို အောက်တို ဘာလ ၈ ရက်နေ့နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်ရှိ မဟာလောကမာရဇိန် ကုသိုလ်တော် စေတီတော်ရင်ပြင်အင်္ဂါထောင့်နှင့်တောင်ဘက်စောင်းတန်းတို့တွင်ကျင်းပရာ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဂေါပကဥက္ကဋ္ဌ သီဟသုဓမ္မမဏိ ဇောတဓရ ဦးကျော်ဝင်းနှင့်ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များနှင့်ဘုရားဖူးဧည့်ပရိသတ်များ တက်ရောက်ကြည်ညို လောင်းလှူခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် “မန်းအောင်ဆွေလင်း” ဘော်လီဘောကလပ်ကွင်းသစ်ဖွင့်ပွဲနှင့် အဆင့်မြင့်အလွတ်တန်းဖိတ်ခေါ် အမျိုးသားဘော်လီဘောပ…
Oct 09,2025
မန္တလေးတိုင်းဒေသကြီး ဘော်လီဘောအားကစားဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ ဘော်လီဘောလေ့ကျင့်ရေးကွင်း “မန်းအောင်ဆွေလင်း”ဘော်လီ ဘောကလပ်ကွင်းသစ်ဖွင့်ပွဲနှင့် အဆင့်မြင့်အလွတ်တန်းဖိတ်ခေါ် အမျိုးသားဘော်လီဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲပိုင်းက အောင်မြေသာစံမြို့နယ် ၁၄ လမ်း၊ ၈၇ လမ်းနှင့် ၈၈ လမ်းကြားရှိ “မန်းအောင်ဆွေလင်း”ဘော်လီဘောကလပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်-မန္တလေး နိုင်ငံ့ဝန်ထမ်းခန့်အပ်လွှာများပေးအပ်
Oct 09,2025
ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်-မန္တလေးမှ စတုတ္ထနှစ် (၁/၂၀၂၅) သင်တန်း ဘွဲ့ရစာမေးပွဲအောင်မြင်ခဲ့ကြပြီး နိုင်ငံ့တာဝန်ထမ်းဆောင်ကြမည့်သူများအား နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီက ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်-မန္တလေး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်၌ မဲပေးခြင်းအသိပညာပေး ပိုစတာများစိုက်ထူ
Oct 09,2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်ရည်ရွယ်၍ လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲပေးပုံမဲပေးနည်း အသိပညာပေးပိုစတာများကို အောက်တိုဘာ ၈ ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် လူစည်ကားရာလမ်းဆုံလမ်းဂွများ ဆင်တဲ၊ ပန်းတောင်း၊ ဥသျှစ်ပင်တို့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး၌ (ဂိုဏ်းပေါင်းစုံ) သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Oct 09,2025
ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့က ကြီးမှူးကျင်းပသည့် (ဂိုဏ်းပေါင်းစုံ) သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်း ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်အနီးရှိ တပ်မတော်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Oct 09,2025
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၉ ရက်နေ့ ညနေပိုင်းက တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာ အားကစားကွင်းအတွင်းရှိ ပဒေသာဘိလိယက်နှင့်စနူကာခန်းမတွင် ကျင်းပရာ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီး ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်လေယာဉ်ကွင်း သန့်ရှင်းသာယာရေးဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး
Oct 09,2025
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်မြို့တော်အား သန့်ရှင်းသောမြို့၊ စိမ်းလန်းသောမြို့ဖြစ်စေရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၈ ရက်နေ့ နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်လေယာဉ်ကွင်း သန့်ရှင်းသာယာရေး ဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ရွေးကောက်ပွဲ နှိုးဆော်အသိပညာပေးပိုစတာ စိုက်ထူဖွင့်လှစ်ခြင်းအခမ်းအနား တက်ရောက်
Oct 08,2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအထောက်အကူ ဖြစ်စေရန် ပြည်သူလူထုအတွက်ရွေးကောက်ပွဲ နှိုးဆော်အသိပညာပေးခြင်းဆိုင်ရာမြေစိုက်ပိုစတာများ စိုက်ထူဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အာဇာနည်လမ်း၊ မြင်းစီးကြေးရုပ် အနီး၊ အများပြည်သူမြင်သာသည့် နေရာတွင်ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2782
Page
2783
Page
2784
Page
2785
Current page
2786
Page
2787
Page
2788
Page
2789
Page
2790
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department