Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ခြင်းထိုးနည်း(အခမဲ့)သင်တန်း ဖွင့်လှစ်သင်ကြား
Oct 04,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အမျိုးသမီးများမိသားစုစားဝတ်နေရေးအတွက် တစ်နိုင်တစ်ပိုင်အပိုဝင် ငွေရရှိအောင်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ခြင်းထိုးနည်း (အခမဲ့)သင်တန်းကို ယနေ့နံနက်ပိုင်းက အဆိုပါပြည် သူ့စာကြည့်တိုက်၌ သင်ကြားခဲ့ရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စိတ်ပါဝင်စားသည့် မြို့ပေါ် ရပ်ကွက်များမှသင်တန်းသားများ တက်ရောက်သင် ကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်ရှိ စွန်ဆည်ရေလှောင်တမံရေပိုလွှဲမှ ဆက်လက်ရေကျော်ကျလျက်ရှိပြီး ဆဒ္ဒန်ဆည်နှင့် ဘုတ်ချောင်းဆည်ရေလှောင်တမံ ရေပိုလွှဲတို့မှရေကျော်ကျခြင်းမရှိ
Oct 04,2025
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စက်တင်ဘာလ တတိယပတ်မှစတင်၍ မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ယနေ့နံနက် ၆ နာရီအချိန် ဆည်ရေတိုင်းထွာချက်အရ စွန်ဆည်ရေလှောင်တမံရေပိုလွှဲမှဆက်လက်ရေကျော်ကျလျက်ရှိပြီး ဆဒ္ဒန်ဆည်နှင့်ဘုတ်ချောင်းဆည်ရေ လှောင်တမံရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျခြင်းမရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေကြည်မြို့နယ်အသုတ်မြို့သို့ ပြောင်းရွှေ့လာသည့် ဒေသတွင်း ယာယီနေရပ်စွန့်ခွာပြည်သူ များအား ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဆိုင်ရာကိစ္စရပ်များ…
Oct 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အသုတ်မြို့၊ ဆင်မင်းစံဓမ္မရိပ်သာတွင် အသုတ်မြို့သို့ပြောင်းရွှေ့လာသည့် ဒေသတွင်း ယာယီနေရပ်စွန့်ခွာပြည်သူများအား ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့ရာ စုစုပေါင်း ယာယီနေရပ်စွန့်ခွာပြည်သူ (၃၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၅ ခုနှစ် သီတင်းကျွတ် ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ဖွင့်ပွဲ အခမ်းအနား ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပ
Oct 04,2025
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ခုနှစ် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းဦး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ UMFCCIနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ တာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစား စက်မှု လက်မှုလုပ်ငန်းရှင်များ၊ MSME by G3G Appမှ တာဝန်ရှိသူများ၊ Weday Online Appမှ တာဝန်ရှိသူများနှင့် တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID စမတ်ကတ်များနေ့ခြင်းပြီး ပြုလုပ်ဆောင်ရွက်ပေး
Oct 04,2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများ ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ဘားအံမြို့နယ် ဦးစီးမှူးရုံးမှဝန်ထမ်းမျာသည် အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ လှာကမြင်ဈေး၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID စမတ်ကတ်များကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြ သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ပေါ်ဆန်းမွှေးမျိုးစပါး ယှဉ်ပြိုင်စိုက်ပျိုးထားမှု၊ ပေါ်ဆန်းရင်စပါး အောင်မြင်ဖြစ်ထွန်းနေမှုနှင့် သဘာဝမြေဩဇာ ပြုလုပ်ထားရှိမှုအား က…
Oct 04,2025
နေပြည်တော်ကောင်စီဝင်ဦးမင်းဦးသည် ယမန်နေ့ ညနေပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့်တာဝန်ရှိသူများ လိုက်ပါလျက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စု၊ ပင်လောင်းလမ်းဘေးရှိ ပေါ်ဆန်းမွှေးမျိုးစပါး ယှဉ်ပြိုင်စိုက်ပျိုးထားမှု၊ ပေါ်ဆန်းရင်စပါး အောင်မြင်ဖြစ်ထွန်းနေမှုနှင့် သဘာဝမြေဩဇာ ပြုလုပ်ထားရှိမှုအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက် စီးခဲ့သည့် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဘုရားစေတီပုထိုးများ ပြန်လ…
Oct 04,2025
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၄ ရက်၊ နံနက်ပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ စူဠာ မဏီကောင်းမှုတော် စေတီတော်မြတ်ကြီး ထီးတော်ပြန်လည်ပြုပြင်နေမှု၊ စေတီတော်ကြီး လုံးတော်ပြည့် ပြန်လည်ပြုပြင်နေမှု၊ စေတီတော်ကြီးရင်ပြင်ရှိ သာသနိကအဆောက် အဦများ ပြန်လည်ပြုပြင်မွန်းမံ နေမှုများနှင့် စေတီတော်ကြီး တောင်ဘက်မုဒ်အာရုံခံတန်ဆောင်း ပြန်လည်ပြုပြင်နေများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိ သူများနှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများ၏ သား/သမီးမ…
Oct 04,2025
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများ၏ သား/သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ဝန်ထမ်းများနှင့်အတူ လက်ရည်တစ်ပြင်တည်း မိတ်ဆုံစားပွဲကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး ဒေါ်သီတာဇင်၊ နေပြည်တော်ကောင်စီဝင်များနှင့် ဇနီးများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ နေပြည်တော်ကောင်စီရုံးမှ အရာထမ်း/ အမှုထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2773
Page
2774
Page
2775
Page
2776
Current page
2777
Page
2778
Page
2779
Page
2780
Page
2781
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department