Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြစ်သားမြို့နယ် ရပ်ကွက်ကြီးများအတွင်းရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေစီးရေလာကောင်းမွန် စေရန်အတွက် ရေနုတ်မြောင်းများတွင် အမှိုက်များနှင့်နုန်းများကို ဆယ်ယူခ…
Sep 02,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့အစဉ်အမြဲသန့်ရှင်းလှပစေရန်နှင့် ပြည်သူများစည်းကမ်းတကျအမှိုက်စွန့်ပစ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းကို အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းက ရေစီးရေလာကောင်းမွန်စေရန်အတွက် ရေနုတ်မြောင်းများတွင် အမှိုက်များနှင့် နုန်းများကို ဆယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့တွင် ရေကြီးနစ်မြုပ်ပြန်ကျချိန်တွင် ကျရောက်တတ်သော ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းများ အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Sep 02,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် တောင်သူများ မိုးစပါးဖျက်ပိုးအန္တရာယ်မှ ကင်းဝေးစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရမည်းသင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ နေ့စားဝန်ထမ်းများအား ကျန်းမာရေးမှူး(၄)သင်တန်းဖွင့်ပွဲကျင်းပ
Sep 02,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ နေ့စားဝန်ထမ်းများအား ကျန်းမာရေးမှူး(၄)သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့တွင် အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်
Sep 02,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင် ရှမ်းရွာသစ်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အသက်နှစ်နှစ်အောက် ကလေးငယ်များ ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်နှင့် ကျန်းမာရေးကောင်းမွန်ပြီး ဉာဏ်ရည်ထက်မြက်စေရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက် (၉) နာရီအချိန်က ကျေးလက်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူမြို့၌ Mpox (မျောက်ကျောက်)ရောဂါ ကြိုတင်ကာကွယ်ရေး လေဆိပ်၌ ခရီးသွားပြည်သူများကို ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်
Sep 02,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ Mpox(မျောက်ကျောက်) ရောဂါကူးစက်မှုများ မဖြစ်ပွားစေရန်နှင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျောက်ဖြူလေဆိပ်သို့ သွားရောက်ပြီး ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အမှတ်(၁၆) ရေတွန်းစက်ရုံ၊ ရေသန့်စင်စနစ် တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ပန္နက်တင် မင်္ဂလာအခမ်းအနား ကျင်းပ
Sep 02,2024
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာန၏ အမှတ်(၁၆) ရေတွန်းစက်ရုံ၊ ရေသန့်စင်စနစ် တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ပန္နက်တင်မင်္ဂလာ အခမ်းအနားကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ကမ်းနားလမ်း၊ ၁၆×၁၈လမ်းကြားရှိ အဆိုပါ ရေတွန်းစက်ရုံတည်ဆောက်မည့် မြေနေရာတွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအဆင့်မြင့် အပ်ချုပ်စက် (၂) လသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Sep 02,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့က အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့် အပ်ချုပ်စက် (၂)လသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ် လွိုင်လင်းခေတ်မီစံပြကျေးရွာ (Smart Village) တွင် ထင်းစိုက်ခင်း ပျိုးထောင်စိုက်ပျိုး
Sep 02,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ ကွန်နားကျေးရွာအုပ်စု လွိုင်လင်းခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေးစီမံကိန်း ကျေးရွာတွင် ထင်းစိုက်ခင်းပျိုးထောင်စိုက်ပျိုးခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2773
Page
2774
Page
2775
Page
2776
Current page
2777
Page
2778
Page
2779
Page
2780
Page
2781
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department