အမြို့မြို့အနယ်နယ်သတင်းများ

Sep 02,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၈) နာရီအချိန်က တမူးခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 02,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 02,2024
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ကျန်းမာရေးမှူး -၄ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
Sep 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်ကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Sep 02,2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ စက်မှုလယ်ယာစခန်း(ဆွယ်)ပေါင်းတည်၌ ယနေ့နံနက် ၉ နာရီက တောင်သူများအတွက် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲ ကျင်းပသည်။
Sep 02,2024
သာကေတမြို့နယ် စာရေးဆရာအသင်းမှ နှစ်စဥ်ဆက်ကပ်မြဲဖြစ်သော စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက သာကေတမြို့နယ် ရှုခင်းသာရပ်ကွက် ရှုခင်းသာမြို့ပတ်လမ်းမကြီး YBS ၈၄ ဂိတ်အနီးရှိ အောင်သုခပရိယတ္တိကျောင်းတိုက်၌ ဆက်ကပ်လှူဒါန်းရာ သာကေတမြို့နယ် စာရေးဆရာအသင်း အလုပ်အမှုဆောင်အဖွဲ့နှင့် မြို့နယ်စာရေးဆရာအသင်းဝင်များ တက်ရောက်ခဲ့ကြသည်။
Sep 02,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  အသိပညာပေး လုပ်ငန်းများကို  စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲ ၁ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 02,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးသို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။