ရေကြည်မြို့နယ်အသုတ်မြို့သို့ ပြောင်းရွှေ့လာသည့် ဒေသတွင်း ယာယီနေရပ်စွန့်ခွာပြည်သူ များအား ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြား

ရေကြည် အောက်တိုဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အသုတ်မြို့၊ ဆင်မင်းစံဓမ္မရိပ်သာတွင် အသုတ်မြို့သို့ပြောင်းရွှေ့လာသည့် ဒေသတွင်း ယာယီနေရပ်စွန့်ခွာပြည်သူများအား ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့ရာ စုစုပေါင်း ယာယီနေရပ်စွန့်ခွာပြည်သူ (၃၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေးမှ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မဲစာရင်များ ရပ်/ ကျေးအလိုက် မဲစာရင်းများကပ်ပြီး ကြေညာလျက်ရှိရာတွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား အနေဖြင့် ပါဝင်ခြင်းမရှိသေးကြောင်း စိစစ်တွေ့ရှိရမှုအပေါ် နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေးအတွက် မဲစာရင်းတွင်ပါဝင်မှုရှိစေရန် မြို့နယ်တွင်းမှ ယာယီနေရပ်စွန့်ခွာ ပြည်သူများ အပါအဝင် မဲစာရင်းတွင် ပါဝင်ခြင်းမရှိသူများသည် ပုံစံ(၃)ဖြင့်လည်းကောင်း၊ မြို့နယ်ပြင်ပမှ ယာယီနေရပ်စွန့်ခွာပြည်သူများသည် ပုံစံ(၃-က)ဖြင့်လည်းကောင်း သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲမှတဆင့် လျှောက်ထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး လျှောက်ထားရမည့် ပုံစံ(၃)နှင့် ပုံစံ(၃-က) လျှောက်လွှာများအား ဖြန့်ဝေပေးခြင်း၊ ဖြည့်စွက်ပေးခြင်း၊ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များအား မိတ္တူကူပေးခြင်း တို့ကို မြို့နယ်ထွေအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကော်မရှင်အဖွဲ့တို့မှ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့ပြင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင် ဦးအောင်မင်းက ဆန္ဒမဲပေးလိုပါက ဆောင်ရွက်ရန် နည်းလမ်းများအား ရှင်းလင်းပြောကြားခြင်းနှင့် မြို့နယ်လဝကဦးစီးမှူး ဦးထွန်းလင်းကျော်မှ နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ရန် ကျန်ရှိသူများ၊ ပျောက်ဆုံး/ ပျက်စီးသူများအား အခမ်းအနားပြီးဆုံးချိန်တွင် နိုင်ကတ်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့်တက်ရောက်လာသော ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန္ဒမဲပေးအပ်နိုင်ရေးအတွက် မြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာပြည်သူများအား ပုံစံ(၃)၊ မြို့နယ်ပြင်ပတိုက်ပွဲရှောင်များအား ပုံစံ(၃-က) များ ဝိုင်းဝန်းဖြည့်စွက်ဆောင်ရွက်ခဲ့ကြောင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ၊‌ ပျောက်ဆုံး/ ပျက်စီးသူများအား မြို့နယ်လဝကဝန်ထမ်းများမှ မှတ်ပုံတင်ကတ်များပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)