အမြို့မြို့အနယ်နယ်သတင်းများ

Sep 24,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နေ့လယ်(၁)နာရီက ရုံးလမ်းနှင့်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် လူစည်ကားရာနေရာများ၌ ဖြန့်ဝေပေးခဲ့ကြသည်။
Sep 24,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား(၆)ခရိုင်၊ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးခရစ်ကတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့၊ ညနေပိုင်းက ပဲခူးမြို့ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
Sep 24,2024
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲပိုင်းက အသံချဲ့စက်ဖြင့် ပင်လယ်ကမ်းနားအနီးရှိ ကတုံးပေါ် ၊ ဘလောက်ညောင်ဝိုင်းကျေးရွာများ၌ လိုက်လံအသိပေးနှိုးဆော်ခဲ့သည်။
Sep 24,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့်စာရင်းစစ် စာရင်းကောက်သင်တန်းကို GTI ကျောင်း၌ ဖွင့်လှစ်လျက်ရှိရာ သင်တန်းသားများအနေဖြင့် မြေပြင်လက်တွေ့ကောက်ယူခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ကွမ်းခြံအုပ်စု၊ ​ကျေးနီကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Sep 24,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ရေဘေးအန္တရာယ်နှင့်သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ကူညီရှာဖွေကယ်ဆယ်နိုင်ရန် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းကို ယနေ့နံနက် ၁၀ နာရီချိန်က အမှတ်(၆)ရပ်ကွက်၊ ကန်သာယာလမ်း၊ မီးသတ်ရေလှောင်ကန်၌ ပြုလုပ်ခဲ့သည်။       
Sep 24,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးသို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။
Sep 24,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့နံနက် (၁၁)နာရီက  ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများ ကျင်းပခဲ့သည်။
Sep 24,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ရေဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ကူညီရှာဖွေကယ်ဆယ်နိုင်ရန် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။