အမြို့မြို့အနယ်နယ်သတင်းများ

Oct 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပညာရေးမှူးရုံးရှိ "မြတ်ပညာ"ခန်းမ၌ ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
Oct 05,2025
အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လွိုင်ကော်မြို့၊ မိုင်းလုံးနှစ်ခြင်း ခရစ်ယာန်အသင်းတော်ဘုရားရှိခိုးကျောင်းနှင့် ခန်းမဆောင်ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီး၍ ဆက်ကပ်အပ်နှံ ဝတ်ပြုဆုတောင်းခြင်း အခမ်းအနားကို ယနေ့နံနက်က မိုင်းလုံးနှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သိက္ခာ တော်ရဆရာတော်ကြီးများ၊ အသင်းသူ၊ အသင်းသားများ၊ ရပ်ကွက်နေ ပြည်သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။
Oct 05,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ဒေသခံပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြမဲပေးခြင်းများကို အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီက ကန့်ဘလူမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
Oct 05,2025
၂၀၁၆ ခုနှစ်ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ရသော ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံ (၇၂)ဆူအား အဆောက်အအုံပိုင်းဆိုင်ရာ ကြံ့ခိုင်ထိန်းသိမ်းခြင်းနှင့် နံရံပန်းချီနှင့်အင်္ဂတေပန်းတော့ဆိုင်ရာ ကြံ့ခိုင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို အိန္ဒိယနိုင်ငံအစိုးရထောက်ပံ့မှုများဖြင့် Archaeology Survey of India (ASI)အဖွဲ့က ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲနှင့်ပူးပေါင်း၍ ၂၀၂၀ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ပထမအဆင့် (၁၁)ဆူ လုပ်ငန်းအားဖြင့် ၂၂ ခုကို ရာနှုန်းပြည့်ဆောင်ရွက်ပြီးဖြစ်ရာ အောက်တိုဘာ ၃ ရက်၊ နေ့ခင်း ၂ နာရီခွဲအချိန်တွင် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးစီမံကိန်းပုဂံဒေသရှိငလျင်ဒဏ်သင့်ဘုရားပုထိုးများ အဆောက်အဦထိန်းသိမ်းခြင်းနှင့် ဓာတုဗေဒနည်းဖြင့်ထိန်းသိမ်းမှု(ဒုတိယအဆင့်)ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
Oct 05,2025
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
Oct 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မဲစာရင်းများ ကွင်းဆင်းကြီးကြပ်ရေး အဖွဲ့(၂)မှ ဝက်ချောင်းတိုက်နယ်သို့ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြီးကြပ်ခဲ့ကြောင်း သိရသည်။
Oct 05,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်စေရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် မဲစာရင်းများကို ပထမအကြိမ်အဖြစ် စက်တင်ဘာလ ၃၀ ရက် နံနက်မှ စတင်ကပ်ထား ကြေညာပေးလျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
Oct 04,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ မြို့တော်ခန်းမတွင် အောက်တိုဘာ(၄)ရက် နံနက် (၁၀)နာရီက ကျောက်ဆည်အသင်း(ရန်ကုန်)မှ ၂၀၂၄-၂၀၂၅ ခု ပညာသင်နှစ် ကျောက်ဆည်ခရိုင်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော ကျောင်သား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။