မြစ်သား အောက်တိုဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အမျိုးသမီးများမိသားစုစားဝတ်နေရေးအတွက် တစ်နိုင်တစ်ပိုင်အပိုဝင် ငွေရရှိအောင်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ခြင်းထိုးနည်း (အခမဲ့)သင်တန်းကို ယနေ့နံနက်ပိုင်းက အဆိုပါပြည် သူ့စာကြည့်တိုက်၌ သင်ကြားခဲ့ရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စိတ်ပါဝင်စားသည့် မြို့ပေါ် ရပ်ကွက်များမှသင်တန်းသားများ တက်ရောက်သင် ကြားခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းနည်းပြဆရာမ ဒေါ်နန်းရွှေကြည် ကအဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာ အောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် မိသားစုစားဝတ်နေရေးအတွက် တစ်နိုင်တစ်ပိုင် အပိုဝင်ငွေရရှိမည်ဖြစ်ပြီး အမျိုးသမီးများ တတ်ထားသင့်သည့် အတတ်ပညာတစ်ခုဖြစ်ကြောင်း၊ အမျိုးသမီးမျး ရုံးသွား၊ ကျောင်သွားများနှင့် အလှလက်ကိုင်ခြင်း အသုံးပြုရာတွင် အဆင်ပြေစွာဖြင့် အသုံးပြုနိုင် ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ ဆက် လက်၍ သင်တန်းနည်းပြဆရာမ ဒေါ်နန်းရွှေကြည်က ပန်းပွင့်ပုံခြင်းထိုးနည်း၊ အကွက်ဖော်ပုံခြင်းထိုးနည်း စသည်ဖြင့် အလှခြင်းအမျိုးမျိုးထိုးနည်းတို့ကို စာတွေ့ /လက်တွေ့ သင်ကြားပေးကြောင်း သိရသည်။
အဆိုပါခြင်းထိုးနည်း(အခမဲ့)သင်တန်းကို နံနက်(၁၀)မှ နာရီ(၁၂)နာရီအထိလည်းကောင်း၊ နေ့လယ်(၂)နာရီမှ ညနေ(၄)နာရီထိလည်းကောင်း အောက်တိုဘာလ (၃) ရက်နေ့မှ (၄) ရက်နေ့အထိ သင်တန်းကာလ(၂)ရက်ကြာ သင်တန်းသား(၁၀)ဦးတို့ ကိုစာတွေ့လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)