အမြို့မြို့အနယ်နယ်သတင်းများ

Sep 03,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဧည့်သည်စာရင်းစီမံခန့်ခွဲမှုစနစ် (Guest List Management Systeam – GLMS) စနစ် အသုံးပြုမှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အောင်လံမြို့ Hotel May ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 03,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ဓနုကိုယ်ပိုင်ခွင့်ရဒေသနှင့် ကလောခရိုင်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ် လူဦး‎ရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ခရိုင်အဆင့်နည်းပြသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ကလောမြို့အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတေဇခန်းမ၌ ပြုလုပ်ခဲ့သည်။
Sep 03,2024
တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ရပ်ကွက်နှင့်ကျေးရွာများရှိ မွေးကင်း စအရွယ်မှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးခြင်းနှင့် တိုက်ကျွေးခြင်းလုပ်ငန်းကို  ယနေ့နံနက်(၉)နာရီကစတင်၍ သက်ဆိုင်ရာစုရပ်များတွင် ကာကွယ်ဆေးများထိုးနှံ တိုက်ကျွေးပေးလျက်ရှိကြောင်းသိရသည်။
Sep 03,2024
ရန်ကုန်တိုင်းဒေသကြီး (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(အခြေခံပညာအဆင့်)အတီးပြိုင်ပွဲကို စမ်းချောင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမ၌ ယမန်နေ့နံနက် (၉)နာရီ ကျင်းပခဲ့ကြောင်း သိရသည်။
Sep 03,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ (၂)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုး သူများအသင်း(Book Club)အဖွဲ့တို့ ပူးပေါင်းပြီး စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ “လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ကို လေ့လာဖတ်ရှု၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 03,2024
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 03,2024
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီးမြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။