ရန်ကုန် အောက်တိုဘာ ၅
ရန်ကင်းမြို့နယ် အမှတ် (၅) ရပ်ကွက်လုံးဆိုင်ရာ အကြိမ် ၅၀ မြောက် ရွှေရတုသဘင် သက်ကြီး ပူဇော်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါရပ်ကွက် ဓမ္မိကဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အမှတ် ( ၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က အဖွင့်အမှာစကားပြောကြားပြီး သက်ကြီးပူဇော်ပွဲ ကျင်းပရေးကော်မတီဘဏ္ဍာရေးမှူး ဦးမြင့်ဝေက ဘဏ္ဍာရေးဆိုင်ရာ ရသုံးငွေစာရင်းကို ဖတ်ကြားကာ ဘဏ္ဍာရေးမှူး ဦးဇော်မင်းထွန်းက ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် သက်ကြီးပူဇော်ပွဲဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းပံပိုးကူညီကြသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ရပ်ကွက်အတွင်းရှိ အသက် (၇၅) နှစ်အထက် ဘိုးဘွား (၁၈၂) ဦးအား အခမ်းအနားမှူး ဦးတိုးလှိုင်က ပူဇော်ကန်တော့ချိုးဖြင့် တိုင်တည်ကာ ကန်တော့ခဲ့ကြပြီး ကန်တော့ခံငွေများနှင့် ကန်တော့ခံပစ္သည်းများကို ဘိုးဘွားများအား ပေးအပ်လှူဒါန်းခဲ့ကြကာ ဘိုးဘွားများကိုယ်စား အဘိုး ဦးပေါ်ရှိန်က မုဒိတာစကား ပြောကြားခဲ့သည်။
အဆိုပါသက်ကြီးပူဇော်ပွဲကို အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးမှကြီးကြပ်၍ ရပ်ကွက်အတွင်းရှိ လူငယ်မောင်မယ်များက ဦးဆောင်ကာ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
လှလှထွေး