သာယာဝတီ အောက်တိုဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် အောက်တိုဘာလ ၃ ရက်နေ့က စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာတွင် မြစ်မခမြစ်ကမ်းပြိုမှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ယမန်နေ့နံနက် ၁၀ နာရီက ထောက်ပံ့ငွေနှင့် ဆန်ရိက္ခာများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းသို့ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဝင်းဝင်းမာနှင့် တာဝန်ရှိသူများက မြစ်မခမြစ်ကမ်းပြိုကျနေမှုကြောင့် စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာမှ ကြိုတင်ပြောင်းရွှေ့နေအိမ် (၁၂)လုံးအတွက် ပြောင်းရွှေ့စရိတ်နှင့် လူဦးရေ (၅၂)ဦးအတွက် ဆန်ရိက္ခာထောက်ပံ့ငွေများကို လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)