အမြို့မြို့အနယ်နယ်သတင်းများ

Sep 09,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် အထက်တန်းအဆင့်တွင် ကျပန်းစကားပြော၊ ပန်းချီ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၊ အလယ်တန်းအဆင့်တွင် ကာတွန်း၊ စာစီစာကုံး၊  ပုံပြင်ပြောပြိုင်ပွဲများနှင့် မူလတန်းအဆင့်တွင် ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရပြီး အထက်တန်းအဆင့် ကျပန်းစကားပြော အကြိုပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 09,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကြီးမားပုံနှင့် ဆိုးကျိုးများအကြောင်း သိရှိရှောင်ရှားတတ်စေရန် ရည်ရွယ်၍  မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ မွန်းလွဲ  ၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 09,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ကို ယနေ့နံနက် (၁၀) နာရီက သီဟိုဠ်တန်းရပ်ကွက် အခြေခံပညာမူလတန်း (လွန်) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Sep 09,2024
တနင်္သာရီတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်ထားဝယ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စက်တင်ဘာလ(၁၆) ရက်နေ့တွင် ကျရောက်မည့်ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့''အထိမ်းအမှတ်စာစီစာကုံး၊ ပိုစတာ/သရုပ်ဖော်ပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်ကျောင်း၌ ကျင်းပခဲ့သည်။
Sep 09,2024
မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုး‌တက်‌ရေး၊ ပြည်သူများ စာဖတ်ရှိန်မြင့်မားရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီ အချိန်က မုံရွာမြို့နယ် အမျိုးသမီးအသင်း (Women Club)ဖြင့် စာရေးသူ ခင်စောတင့် ရေးသားသည့် စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်နှင့်အတူ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
Sep 09,2024
လူငယ်ကဏ္ဍကို မြှင့်တင်‌ဆောင်ရွက်စေရန် ရည်ရွယ်၍ ဟောပြောဆွေးနွေးပွဲကို ယနေ့‌ နံနက် (၁၀) နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဟိုလိပ် အ.ထ.က (ခွဲ)တွင် ကျင်းပရာ ရှေးဦးစွာ ဟိုလိပ်အ.ထ.က(ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးကီးဟုန်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
Sep 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေးခရိုင်၊ သစ်တောဦးစီးဌာန တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာတွင် ဝါးလက်မှုပစ္စည်းထုတ်လုပ်မှု အသက်မွေးကျောင်း သင်တန်းအမှတ်စဉ် (၃) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဘုရားကြီးကျေးရွာ၊ သစ်တောကင်းစခန်း အစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့ကြောင်း သိရှိရသည်။
Sep 09,2024
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှဦးဆောင်၍ နွားနှင့်ဆိတ်မွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေး၊ မေထုန်မဲ့သားစပ်ကျွမ်းကျင်သူအရေအတွက်တိုးပွားစေရေးနှင့် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်ရေးတို့ကို ရည်ရွယ်၍ နွားနှင့်ဆိတ်မေထုန်မဲ့သားစပ်နည်းသင်းတန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။