အမြို့မြို့အနယ်နယ်သတင်းများ

Sep 09,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသားလူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံစေရန်စသည့်ရည်ရွယ်ချက်များဖြင့် လူငယ် ရေးရာဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 09,2024
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် မန္တလာသီရိအားကစားကွင်း၌ ၂၀၂၄ ခုနှစ် (ပဥ္စမ) အကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ယနေ့မွန်လွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြုလူရွေးချယ်ရေးလက်ဝှေ့ပြိုင်ပွဲဆုပေးပွဲ အခမ်းအနား ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များအားလုံးရှိ ဖွင့်လှစ်ထားသော လက်ဝှေ့ကလပ်ပေါင်းစုံ အမျိုးသား၊အမျိုး သမီးများဝင်ရောက်ယှဉ်ပြိုင်စေခဲ့ပြီး မြန်မာ့ဂုဏ်ဆောင် အားကစားသမားများပေါ်ထွက်လာစေရန်ရည်ရွယ် ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ အဆိုပါ ပြိုင်ပွဲတွင် သက်ငယ်တန်းအမျိုးသမီး 48 KG၊ 50 KG ၊ 52 KG၊ 60 KG၊ သက်ငယ်တန်း အမျိုးသား 51 KG၊54 KG ၊ 57 KG၊ 60 KG၊ 71 KG၊ အမျိုးသားအလွတ်တန်း 51 KG၊ 54 KG ၊ 57 KG၊ 60 KG၊ 71 KG၊ 63.5 KG၊  67 KG၊ စသည့်ဝိတ်တန်းအလိုက်လက်ဝှေ့ပြိုင်ပွဲများကို (၈.၉.၂၀၂၄)ရက်နေ့မှ စတင်ကျင်းပပေးခဲ့ပြီး (၉.၉.၂၀၂၄)ရက်နေ့တွင် ဖိုင်နယ်ပွဲစဉ်နှင့်ဆုပေးပွဲ အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ပြီး ဆုရ အားကစားသမားများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Sep 09,2024
မုံရွာခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသော မျောက်ကျောက် ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ရာ မုံရွာခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးနှင့်ဝန်ထမ်းများ၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်ဇင်မေလှိုင်နှင့်ဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Sep 09,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍  ကလေး အလုပ်သမားပပျောက်ရေး  အသိပညာပေး ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
Sep 09,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် လာမည့်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ နေကြာ ၁၂၈၀၅ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Sep 09,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မီးသတ်ဦးစီးဌာန၏စီစဥ်မှုဖြင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
Sep 09,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်တွင်းဒေသထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံကို အခြေခံသည့် စားသောက်ကုန်ထုတ်လုပ်ရာတွင် ထုပ်ပိုးမှုဆိုင်ရာနည်းစနစ်များကိုသိရှိပြီး စနစ်တကျထုပ်ပိုးတတ်စေရန် ရည်ရွယ်၍ ထုပ်ပိုးမှု(Packaging)ဆိုင်ရာ နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါရုံး သင်တန်းခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
Sep 09,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ကျောင်းအခြေပြုမီးဘေးလုံခြုံရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အသိပညာပေးခြင်းနှင့် အရေးပေါ် မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်း၊ လက်တွေ့ပူးပေါင်း ဆောင်ရွက်စေခြင်းများကို၊ ယမန်နေ့ မွန်းလွဲ(၂)နာရီက သီရိမင်္ဂလာရပ်ကွက်ရှိ LCIS Pre-school Kyaukpa- daung Campus (International English School)တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။