Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုးကြိုးပစ်ခတ်မှုကြောင့် ပဲခူးမြို့ ကလျာဏီရပ်ကွက်ရှိ ရွှေဂူလေးဘုရားစေတီတော်၏ မြောက်ဘက်ခြမ်းရှိ ငှက်ပျောဖူးတော်အား မိုးကြိုးထိမှန်
Sep 10,2024
ပဲခူးမြို့၌ စက်တင်ဘာလ ၈ ရက်နေ့ ညနေပိုင်းအချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လျှပ်စီးများလက်ကာ မိုးကြိုးပစ်ခတ်မှုများကြောင့် ကလျာဏီရပ်ကွက်ရှိ ရွှေဂူလေးဘုရားစေတီတော်၏ မြောက်ဘက်ခြမ်းရှိ ငှက်ပျောဖူးတော်အား မိုးကြိုးထိမှန်သွားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အ.ထ.က(မိုးညို)၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ကျန်းမာရေးဆိုင်ရာများ အသိပညာပေးဟောပြော
Sep 10,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ အ.ထ.က(မိုးညို)၌ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုး ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ကျန်းမာရေးဆိုင်ရာများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၁၀) ကြိမ်မြောက် အာရှဝူရှူးချန်ပီယံရှစ်ပြိုင်ပွဲ (10th Asian Wushu Championships) သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာဝူရှူးအားကစားအဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ…
Sep 10,2024
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့မှ (၁၆) ရက်နေ့အထိ ကျင်းပမည့် (၁၀) ကြိမ်မြောက် အာရှ ဝူရှူးချန်ပီယံရှစ်ပြိုင်ပွဲ (10th Asian Wushu Championships) သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာဝူရှူးအားကစားအဖွဲ့မှ အုပ်ချုပ်သူ/နည်းပြ ဒေါ်ဆွေဆွေသန့် ဒုတိယညွှန်ကြားရေးမှူးနှင့် အားကစားသမား(၅)ဦးတို့သည် ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေယာဉ်ခရီးစဉ်အမှတ် HM 352 ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသွားရာ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်မှ တာဝန်ရှိသူတို့က ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဘောသားများအတွက် လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာ အခမဲ့သင်တန်းအမှတ်စဉ်(၄)သင်တန်းဖွင့်လှစ်
Sep 10,2024
မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်မှ ကြီးမှူးပြီး အပျော်စီးသင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်မည့် သင်္ဘောသားများအတွက် လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာအခမဲ့သင်တန်းအမှတ်စဉ်(၄)ကို ယမန်နေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ်ရုံးတွင် ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ဝင်များက အုတ်တွင်းမြို့နယ်၌ မိုးစပါးများအား သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာစုပေါင်းကြဲပက်ပွဲ သရုပ်ပြသခြင်…
Sep 10,2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် စိုက်ပျိုးရေး/ မွေးမြူရေးကြီးကြပ်မှု ကော်မတီ၏ဦးဆောင်မှုဖြင့်သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာရောစပ်ကြဲပက် သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ပေါက်တောကျေးရွာအုပ်စု၊ တောင်သူ ဒေါ်ခင်ငြိမ်း၊ ဦးနိုင်ဦး၊ ဒေါ်တင်ဥတို့၏ ကွင်းအမှတ် (၃၃၉) လယ်ယာမြေဧက ၈ ဒဿမ ၂၀ ဧကကွင်းတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 10,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို ကော့သောင်းမြို့တွင် ကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး…
Sep 10,2024
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့ နံနက် ၈ နာရီခွဲက ကော့သောင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 10,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများဖြင့် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2741
Page
2742
Page
2743
Page
2744
Current page
2745
Page
2746
Page
2747
Page
2748
Page
2749
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department