သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံဆံတော်ရှင်စေတီတော် သီတင်းကျွတ်လပြည့်ကျော်(၁)ရက် ဘုရားဖူးလာပြည်သူများဖြင့်စည်ကား

သင်္ဃန်းကျွန်း  အောက်တိုဘာ  ၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ရှေးဟောင်းသမိုင်းဝင် ကျိုက္ကစံဆံတော်ရှင် စေတီတော်ရင်ပြင်နှင့်ဘုရားပရဝုန်တွင် အောက်တို ဘာလ ၇ ရက်နေ့ ညနေပိုင်းက သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ စေတီတော်ရင်ပြင်တွင်  ဆီမီးထွန်းညှိပူဇော်သူများ၊ ဘုရားဖူး လာပြည်သူများ၊ ပဌာန်းရွတ်ဖတ်ပူဇော်သူများ၊ တရားဘာဝနာပွားများသူများဖြင့် စည်ကားလျက် ရှိသည်။

အလားတူ ကျိုက္ကစံဆံတော်ရှင်စေတီတော် ပရဝုဏ်အတွင်း မြန်မာ့ရိုးရာစားစရာများ၊ အဝတ်အထည်ဆိုင်များ၊ လူသုံးကုန်ပစ္စည်းဆိုင်များ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များတွင် ဝယ်ယူစားသုံးသူများဖြင့် စည်ကားပြီးပျော်ရွှင်စရာပင်လယ်ဓါးပြလှေစီးသူများ၊ စက်ဝိုင်းကားစီး သူများဖြင့် ပြည်သူအများ ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။

ဇော်မိုး (သင်္ဃန်းကျွန်း)