တနိုင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး မြေစိုက်ဘုတ်စိုက်ထူ

တနိုင်း အောက်တိုဘာ ၈

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးစို့” မြေစိုက်ဘုတ်ကို တနိုင်းမြို့၊ ဟူးကောင်းခန်းမရှေ့နှင့် လီဒိုလမ်းမကြီးပေါ် ရဲစခန်းရှေ့ နေရာများတွင် ယမန်‌နေ့ နံနက် ၈ နာရီက စိုက်ထူခဲ့သည်။

အဆိုပါ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးစို့” အသိပညာပေး ဆိုင်းဘုတ်အား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုး‌ဇော်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းဦး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ရွေးကောက်ပွဲအရာရှိ ဦး‌ကျော်သက်ပိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာ/ရပ်ကွက်ကော်မရှင် အဖွဲ့ဝင်များတက်ရောက် ဖွင့်လှစ်စိုက်ထူခဲ့‌ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)